![]() |
အင်းစိန် ရထားစက်ခေါင်းစက်ရုံက ကြီးကြပ်ရေးမှူး CDM ကြောင့် အဖမ်းခံထားရ ရန်ကုန်မြို့ဘူတာကြီးမှာ မြန်မာ့မီးရထားဝန်ထမ်းတွေ ၂၀၂၁၊ ဖေဖော်ဝါရီ ၁၁ ရက်နေ့က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြစဉ် / Photo: RFA |
ရန်ကုန် အင်းစိန် ကြို့ကုန်းမှာရှိတဲ့ မြန်မာ့မီးရထားစက်ခေါင်းစက်ရုံက ကြီးကြပ်ရေးမှူး ဦးစိုးနိုင်ကို အာဏာ ဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်တယ်ဆိုပြီး ရဲတပ်ဖွဲ့ကနေ မနေ့ညက ဖမ်းဆီးသွားပါတယ်။
စက်ရုံထဲမှာ သူတစ်ယောက်တည်းရှိနေချိန် ရဲတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးသွားတာလို့ အမည်မဖော် လိုတဲ့ မီးရထားဝန်ထမ်းတစ်ဦးက ပြောပါတယ်။
အဲဒီစက်ရုံကဝန်ထမ်းတွေဟာ အာဏာဖီဆန်ရေး CDM လုပ်နေကြတာကို အလုပ်ပြန်ဆင်းဖို့၊ ရထားတွေ ပြန်ထွက်ဖို့ တိုင်းအမှတ် (၇) က တိုင်းတာဝန်ခံ ဗိုလ်ကြီး စိုးမိုးအောင်နဲ့ အရာရှိတွေက ဖိအားပေး ပြောဆိုတာ တွေ ရှိခဲ့ပေမယ့်လည်း ဝန်ထမ်းတွေက အလုပ်မဆင်းဘဲနေကြတယ်လို့ ပြောပါတယ်။
လက်ရှိ အာဏာသိမ်းစစ်ကောင်စီ အစိုးရကို တစ်ပြည်လုံးမှာ ဆန္ဒပြနေကြသလို ကျန်းမာရေး၊ ပညာရေး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေ စတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကလည်း အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်နေကြပါတယ်။
အလားတူ ဝန်ကြီးဌာနအလိုက် ဝန်ထမ်းတွေ အသီးသီးဆီကိုလည်း နိုင်ငံ့ဝန်ထမ်းတွေ လုပ်ငန်းတာဝန် ထမ်းဆောင်ကြဖို့ဆိုပြီး ဖိအားပေး အမိန့်ကြေညာစာတွေ ထုတ်ပြန်ထားသလို CDM လှုပ်ရှားမှုမှာ ပါဝင် နေကြတဲ့ဝန်ထမ်းတွေကို ဖမ်းဆီးတာတွေလည်း ရှိနေပါတယ်။
RFA Burmese
https://www.rfa.org/burmese/news/arrest-trainhead-factory-staff-becauseof-cdm-02142021055145.html

No comments:
Post a Comment