![]() |
မာန်အောင်မြို့ စစ်ဆန့်ကျင်ရေးဆန္ဒပြမှု |
စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း ဝန်ကြီးချုပ်နဲ့ ရွေးကောက်ပွဲကော်မရှင်တွေအပါအဝင် စစ်တပ်က အာဏာသိမ်းခဲ့တာကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ civil disobedience လှုပ်ရှားသူတွေကို ဖမ်းဆီးအရေးယူမှုတွေရှိနေပါတယ်။
ဖမ်းဆီးခံထားရသူတွေထဲက CDM လှုပ်ရှားမှုမှာပါဝင်ခဲ့ကြသူတွေကို ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅ နဲ့ အသက်ဆိုင်ရာမြို့နယ်တွေက ရဲတပ်ဖွဲ့တွေမှာ အမှုဖွင့်အရေးယူမှုတွေပြုလုပ်ထားပြီး ဝန်ကြီးချုပ်၊ ကော်မရှင်တာဝန်ရှိသူတွေနဲ့ NLD ပါတီဝင်တချို့ကိုတော့ တပ်တွင်းထဲမှာ ချုပ်နှောင်ထားပြီး အဆက်အသွယ်မရဘဲဖြစ်နေတယ်လို့ မိသားစုတွေနဲ့ပါတီဝင်တွေက ပြောဆိုကြပါတယ်။
ဖမ်းဆီးခံရသူ အနည်းဆုံး ၁၃ ဦး ခန့်ရှိတယ်လို့လည်း ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်က ကိုသန်းလှက ပြောပါတယ်။
ရခိုင်မှာ ဖမ်းဆီးခံရသူ အများစုကတော့ NLD ပါတီဝင်တွေဖြစ်ကြတယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေမှာ သံတွဲ မာန်အောင်နဲ့ အမ်းမြို့တို့ကပါဝင်နေကြပါတယ်။
ပါတီဝင်တွေကိုအခုလို ဖမ်းဆီးနေတာဟာ NLD ပါတီကို အပြတ်အသတ်ချေမှုန်းနေတာဖြစ်တယ်လို့ ရခိုင်ပြည်နယ် NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဦးစိုးလေးက ပြောပါတယ်။
BBC Burmese

No comments:
Post a Comment