CDM ကူညီတဲ့အဖွဲ့တချို့ ဖုန်းလိုင်း အဖြတ်ခံရ


အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်နေကြတဲ့ အစိုးရဝန်ထမ်းတွေကို အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေရဲ့ ဖုန်းနံပါတ်တွေကို ပိတ်ပင်တာတွေရှိနေတဲ့အတွက် ဖေ့စ်ဘွတ်ခ်ကနေပဲ ဆက်သွယ်ကြဖို့ အခုလို ကူညီနေတဲ့အဖွဲ့အစည်းတခုဖြစ်တဲ့ 21 Savage MM အဖွဲ့က သူတို့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ထုတ်ဖော်လိုက်ပါတယ်။

အခုလို အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းတွေကို ကူညီနေတဲ့ GWSM အဖွဲ့ကလည်း သူတို့ကိုလည်း ဖေ့စ်ဘွတ်ခ်ကနေတဆင့် ဆက်သွယ်ဖို့ ပြောဆိုထားပါတယ်။

အခုလို မြန်မာပြည်တွင်း အဝင်ခေါ်ဆိုမှုပိတ်ပင်ခံရတယ်လို့ သတင်းထွက်ပေါ်နေတဲ့အလားတူအဖွဲ့အစည်းတွေကတော့ Go Fund Me၊ ၂/၂၀၂၁ ခိုင်မြဲသောလက်များ၊ We Support Heroes၊ Civil Disobedience Donation နဲ့ General CDM တို့ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-55990515



CDM ကူညီတဲ့အဖွဲ့တချို့ ဖုန်းလိုင်း အဖြတ်ခံရ  CDM ကူညီတဲ့အဖွဲ့တချို့ ဖုန်းလိုင်း အဖြတ်ခံရ Reviewed by THITHTOOLWIN on 00:40 Rating: 5

No comments:

Powered by Blogger.