မြစ်ကြီးနားမှာ စစ်ကားတွေရောက်လာပြီး ပစ်ခတ်ဖြိုခွင်း



မြစ်ကြီးနားက EPC လျှပ်စစ်ဓာတ်အားခွဲစက်ရုံအနီးဝိုင်းထားတဲ့လူစုကို ရဲကား နဲ့ စစ်ကား တင့်ကားများရောက်လာပြီး ပစ်ခတ်ဖြိုခွင်းနေတယ်လို့ သိရပါတယ်။

အနည်းဆုံး ၃ ချက်ထက်မနည်း ပစ်ခတ်ဖြိုခွင်းခဲ့ပြီးတော့ လမ်းကို ရဲနဲ့စစ်ကားတွေက ပိတ်ပြီးနေရာယူထားပါတယ်။

အစောပိုင်းကတော့ မြစ်ကြီးနားEPC လျှပ်စစ်ဓာတ်အားခွဲစက်ရုံအနီးဝိုင်းထားတဲ့လူစုကို ရဲကား နဲ့ စစ်ကား တင့်ကားများရောက်လာပြီး ပုဒ်မ ၁၄၄ အရလူစုခွဲဖို့ အသံချဲ့စက်နဲ့အော်နေတာ ကိုဒေသခံမီဒီယာတွေက တိုက်ရိုက်ထုတ်လွှင့်မှုမှာ တွေ့ရပါတယ်။

မြစ်ကြီးနားက EPC လျှပ်စစ်ဓာတ်အားခွဲစက်ရုံထဲရောက်နေတဲ့ စစ်သားတွေကို အပြင်ထွက်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုကြတာဖြစ်ပြီးစစ်သားတွေမထွက်မချင်း မပြန်ဘူးလို့ ဆန္ဒပြသူတွေက တောင်းဆိုနေကြတာပါ။

တင့်ကားတွေ ရေကားတွေ ရဲကားတွေပါဝင်ပြီး ဆန္ဒပြသူတွေက တော့ လူစုမခွဲပဲစောင့်ကြည့်နေပြီး ပုဒ်မ ၁၄၄ ထုတ်ထားကြောင်း အသံချဲ့စက်နဲ့အော်ပြီး သတိပေးတာတွေ့ရပါတယ်။

ဆန္ဒပြသူနဲ့လုံခြုံရေးတပ်ဖွဲ့တင်တွေကြား နှစ်ဖက်အခြေအနေ တင်းမာနေပြီး ဖမ်းဆီးဖြိုခွဲမယ့် အနေအထားတွေ့ရတယ်လို့လည်းဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့နာရီပိုင်းကတော့ ငြိမ်းချမ်းရေး အကျိုးဆောင် PCG က ဝင်ရောက်ဖြေရှင်းပေးပေမယ့် ပြေလည်မှုမရခဲ့ပါဘူး။


BBC Burmese

https://www.bbc.com/burmese/live/burma-56046651

မြစ်ကြီးနားမှာ စစ်ကားတွေရောက်လာပြီး ပစ်ခတ်ဖြိုခွင်း မြစ်ကြီးနားမှာ စစ်ကားတွေရောက်လာပြီး ပစ်ခတ်ဖြိုခွင်း Reviewed by THITHTOOLWIN on 22:21 Rating: 5

No comments:

Powered by Blogger.