အခု အချိန်ဟာ ကိုဗစ် ထိန်းချုပ်ရေး လုပ်ငန်းတွေနဲ့ ကာကွယ်ဆေး လုပ်ငန်းတွေ လုပ်ကိုင်နေတာအပြင် ဆေးကုသခံဖို့ လိုအပ်နေသူတွေ အတွက် လူနာတွေ အကျိုးရှေးရှုပြီး လုပ်ငန်းခွင် ပြန်ဝင်ကြဖို့ ကျန်းမာရေး ဝန်ထမ်းတွေကို တိုက်တွန်း ပန်ကြားတယ်လို့ ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၈ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
အဲဒါနဲ့အတူ ဘဏ်တွေ ပုံမှန်လည်ပတ်နိုင်ရေး ကူညီဆောင်ရွက်ကြဖို့ ပြည်သူလူထုကို မေတ္တာရပ်ခံတယ်လို့ ဗဟိုဘဏ်ကလည်း အဲဒီနေ့မှာပဲ ထုတ်ပြန်ပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေက အာဏာသိမ်းတာကို အကြမ်းမဖက် ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုတွေ လုပ်နေချိန်မှာ လူနာတွေကို မြို့နယ်အသီးသီးက တပ်ဆေးရုံတွေမှာ ယာယီကုသရေးဆေးရုံတွေ ဖွင့်လှစ်ပြီးကုသပေးနေတယ်လို့လည်း ဖေဖော်ဝါရီ ၈ ရက် တစ်နေ့တည်းမှာပဲ သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီအခြေအနေမှာပဲ ဝန်ထမ်းတွေ သပိတ်မှောက်မှုနဲ့ ဆန္ဒပြမှုမှာ ပါဝင်မှုတွေ ဆက်လက်ထွက်ပေါ်လာနေပြီး CDM လှုပ်ရှားမှုတွေ ဆက်လုပ်ဖို့ တိုက်တွန်းမှုတွေ ရှိနေပါတယ်။
BBC Burmese

No comments:
Post a Comment