ပြည်ပရှိ မြန်မာသံရုံးဝန်ထမ်းတချို့ကို မြန်မာနိုင်ငံကို ပြန်ခေါ်


ပြည်ပနိုင်ငံတွေမှာရှိတဲ့ မြန်မာသံရုံးတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ သံရုံးဝန်ထမ်းတချို့ကို ရာထူးပြောင်းရွှေ့ ခန့်အပ်ကြောင်း ညွှန်ကြားစာကို နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

သံမှူးကြီး အဆင့်ကနေ စလို့ ပထမ၊ ဒုတိယ၊ တတိယ အတွင်းဝန်အဆင့်၊ ရုံးအုပ်၊ စာရေးအဆင့်အထိ သံရုံးဝန်ထမ်းတချို့ကို မြန်မာနိုင်ငံတွင်းက နိုင်ငံခြားရေးဝန်ကြီးဌာနကို ပြန်လည် ခေါ်ယူပြီး ရာထူးနေရာ ပြောင်းလဲ ခန့်အပ်လိုက်တာပါ။

သူတို့ရဲ့ နေရာတွေမှာ နိုင်ငံခြားရေးဝန်ကြီးဌာနက လူတွေကို အစားထိုး ခန့်အပ်လိုက်တာကို တွေ့ရပါတယ်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့က နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ အလွတ်သဘော အစည်းအဝေးမှာ စစ်ကောင်စီကို ဆန့်ကျင်ပြီး CRPH ကို ကိုယ်စားပြု တက်ရောက်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုတော့ တာဝန်ကနေ ရပ်စဲကြောင်း နောက်တနေ့မှာပဲ ထုတ်ဖော်ကြေညာခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56140135

ပြည်ပရှိ မြန်မာသံရုံးဝန်ထမ်းတချို့ကို မြန်မာနိုင်ငံကို ပြန်ခေါ် ပြည်ပရှိ မြန်မာသံရုံးဝန်ထမ်းတချို့ကို မြန်မာနိုင်ငံကို ပြန်ခေါ် Reviewed by THITHTOOLWIN on 21:25 Rating: 5

No comments:

Powered by Blogger.