အာဏာသိမ်းအစိုးရ အသုံးအနှုန်းမျိုး မသုံးရလို့ ထုတ်ပြန်

အာဏာသိမ်းအစိုးရ အသုံးအနှုန်းမျိုး မသုံးရလို့ ထုတ်ပြန် စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြသူတွေကို ၂၀၂၁ ဖေဖော်ဝါရီ ၇ ရက်နေ့က ရန်ကုန်၊ လှည်းတန်းမှာ တွေ့ရစဉ် / Photo: RFA

အာဏာသိမ်းအစိုးရ ဆိုတဲ့အသုံးအနှုန်းမျိုးကို လက်ရှိသတင်းမီဒီယာတွေက ရေးသားသုံးစွဲနေတာတွေ မလုပ်ဖို့ စစ်အာဏာသိမ်းအစိုးရက ဖွဲ့စည်းထားတဲ့ ပြန်ကြားရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်ပါတယ်။

တပ်မတော်ကနေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းဆောင်ရွက်နေတာကို အာဏာသိမ်းအစိုးရဆိုပြီး အချို့ သတင်းစာ၊ ဂျာနယ်၊ သတင်းမီဒီယာဝက်ဘ်ဆိုဒ်နဲ့ အွန်လိုင်းမီဒီယာတွေမှာ တွေ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ အခန်း ၄ ၊ ပုဒ်မ ၈ မှာ ပုံနှိပ်တာ ဒါမှမဟုတ် ထုတ်ဝေတာတွေ မလုပ်ရမယ့် အချက်တွေထဲမှာ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူ အေးချမ်းသာယာရေး၊ နိုင်ငံသား တန်းတူမှု၊ လွတ်လပ်မှု၊ တရားမျှတမှု၊ အခွင့်အရေးတွေကို ထိခိုက်စေမယ့်အကြောင်း အရာတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

သတင်းမီဒီယာအများစုကတော့ အချက်လက်နဲ့ တာဝန်ခံနိုင်မှုအရ ထုတ်ဝေနေကြတာဖြစ်ကြောင်း၊ သတင်း မီဒီယာအားလုံးကို သိမ်းကြုံးပြောလို့မရဘဲ ဘယ်မီဒီယာက ထုတ်လွှင့်တဲ့ ဘယ်သတင်းဆိုတာ တိတိကျကျ ပြောသင့်တယ်လို့ သတင်းစာဆရာ ဦးမြင့်ကျော်က ပြောပါတယ်။

အဲဒီထုတ်ပြန်ချက်ကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနဲ့ မြန်မာဂျာနယ်လစ်ကွန်ရက် အဖွဲ့တွေဆီမှာ လည်း ရောက်နေပါတယ်။

သတင်းမီဒီယာကောင်စီနဲ့ မြန်မာဂျာနယ်လစ်ကွန်ရက် အဖွဲ့တွေကတော့ အဲဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး တုံ့ပြန်တာမျိုးတော့ မရှိသေးပါဘူး။


RFA Burmese

https://www.rfa.org/burmese/news/military-donot-like-coup-government-usage-02132021065511.html

အာဏာသိမ်းအစိုးရ အသုံးအနှုန်းမျိုး မသုံးရလို့ ထုတ်ပြန်  အာဏာသိမ်းအစိုးရ အသုံးအနှုန်းမျိုး မသုံးရလို့ ထုတ်ပြန် Reviewed by THITHTOOLWIN on 19:06 Rating: 5

No comments:

Powered by Blogger.