မန္တလေး စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြမှုကို မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်ဖြိုခွဲ

မျက်ရည်ယို ဗုံးနဲ့ ဖြိုခွင်း

သစ်တော ဦးစီးဌာန ဝန်ထမ်းတွေ မန္တလေးဆန္ဒပြမှုမှာ ပါဝင်လာ

မန္တလေးမြို့မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူတွေကို လုံခြုံရေး ရဲတပ်ဖွဲ့က ဒီကနေ့ နေ့လယ်ပိုင်းမှာ ၃၈ လမ်းပေါ်မှာ စတင် ဖြိုခွင်းခဲ့တယ်လို့ သိရပါတယ်။

ဆိုင်းဘုတ် ကိုင်ဆောင်ဆန္ဒပြသူတချို့ စတင်ဖမ်းဆီးခံခဲ့ရပြီးနောက် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ လူစုလူဝေးနဲ့ တောင်းဆိုကြရာက ရဲတပ်ဖွဲ့က ရေပိုက်နဲ့ ထိုးပက် လူစုခွဲခဲ့ပြီး နောက်ပိုင်းမှာ မျက်ရည်ယိုဗုံးတွေ သုံးခဲ့တယ်လို့လည်း သိရပါတယ်။

မန္တလေး ၃၈လမ်း လူစုခွဲမှုမှာ ဒဏ်ရာရသူတချို့ ရှိခဲ့ပြီး အဲဒီနောက် ဆန္ဒပြသူတွေဟာ မြို့တွင်းကို ဆက်လက်ချီတက်သွားခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-55990512

မန္တလေး စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြမှုကို မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်ဖြိုခွဲ  မန္တလေး စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြမှုကို မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်ဖြိုခွဲ Reviewed by THITHTOOLWIN on 19:07 Rating: 5

No comments:

Powered by Blogger.