သီးစုံအချဉ်ပေါင်းရောင်းသူ မုံရွာမြို့ ထန်းတော ညောင်ရိပ်သာရပ်ကွက်နေ မတင်တင်အေး နှင့်တွေ့ဆုံခြင်း။


" အမလုပ်တာ ဘာမှမရှိတာ။ ဆန္ဒပြတဲ့သူတွေ အချဉ်ပေါင်းဝေတာပဲရှိတာ "

သီးစုံအချဉ်ပေါင်းရောင်းသူ မုံရွာမြို့ ထန်းတော ညောင်ရိပ်သာရပ်ကွက်နေ မတင်တင်အေး နှင့်တွေ့ဆုံခြင်း။

မတင်တင်အေးသည် ဖေဖော်ဝါရီ ၂၇ ရက်က  ဈေးရောင်းနေစဉ် အိမ်နီးချင်းအမျိုးသမီးတစ်ဦးနှင့်အတူ ဖမ်းဆီးခံခဲ့ရသည်။ ၎င်းသည် ယခင်ရက်များက  ဆန္ဒပြလူထုကို ၎င်းရောင်းချသော အချဉ်ပေါင်းများ လိုက်လံဝေငှ ကျွေးရာမှ လူမှုကွန်ရက်ဖေ့စ်ဘွခ်တွင် ၎င်း၏ စေတနာအပေါ် လူအများက တုန့်ပြန်ချီးမွမ်းခဲ့ကြသည်။

MGZ- မနေ့က ဖမ်းခံရတဲ့ အဖြစ်အပျက်လေးပြောပါဦး။

TTA- မနေ့က  ဗိုလ်ချုပ်လမ်း မိတ်ဆက်လမ်းထိပ်က အမသစ်သီးဆိုင်မှာကူနေတာ။ သူတို့က လိမ္မော်သီးတွေ သိမ်းသိမ်းဆိုတော့ လိမ္မော်သီးတွေက တစ်ယောက်တည်း သိမ်းလို့မပြီးဘူး၊သုံးလေးယောက်သိမ်းမှပြီးတဲ့ဟာလို့ ပြောတာ။ အဲလို ပြောရမလားဆိုပြီး ဝိုင်းရိုက်တယ်။အထဲထိကို ဝင်ရိုက်တာ။ အရပ်ဝတ်နဲ့တစ်ယောက် သူပဲသူပဲ ဆိုပြီး လေးငါးခြောက်ယောက်လောက်ရှိတယ်။ဆိုင်ထဲကနေ အတင်းဆွဲခေါ်ရိုက်ကြတာ။

MGZ- သူပဲသူပဲ ဆိုတာ ဘာအကြေင်းအရာကို ပြောတာလဲဗျ။

TTA- အမထင်တာတော့ အမလုပ်တာ ဘာမှမရှိတာ။ ဆန္ဒပြတဲ့သူတွေ အချဉ်ပေါင်းဝေတာပဲရှိတာကို ။အရင်ရက်တွေက တောက်လျောက် ဆန္ဒပြတဲ့ဆီလိုက်ပြီး နှစ်ရက်လောက်နေတော့ ဈေးရောင်းထွက်တယ်။ လူတွေကလည်းရောဂါက ကြောက်ကြ။ ဝေမယ့်သူကလည်းမရှိတော့ တကယ်တော့ ဆန္ဒပြလိုက်တာ မောလည်းမော၊မူးလည်းမူးတော့ ကိုယ်လိုပဲ ဆာမှာပဲ၊မူးမှာပဲဆိုပြီးတွေးပြီး ဝေဖြစ်တာပါ။

MGZ- ဖမ်းခံရတုန်းက ဘာဖြစ်လဲ။

TTA- ဆိုင်ထဲကခေါ်ပြီးတော့ ကောင်တစ်ယောက်က ပါးအရင်ရိုက်လိုက်တယ်။ ရဲမေသုံးယောက်ထဲက တစ်ယောက်က ပါးထပ်ရိုက်တယ်၊ နောက်ကသူက လက်ကို တအားချုပ်ပြီး တစ်ယောက်က လည်မျိုကုပ်ထားတာ။ဟိုဘက်နားရောက်တော့ လက်နောက်ပြန်ခတ်ပြီးအချုပ်ကားပေါ်ခေါ်သွားတယ်။ အချုပ်ကားပေါ်တော့ ရေတိုက်ပါတယ်။ ကောင်းတဲ့သူရှိသလို၊မကောင်းတဲ့သူလည်း ရှိတယ်။

MGZ-ဘယ်ခေါ်သွားလဲ။ဟိုကျ ဘာတွေဆက်ဖြစ်လဲဗျ။

TTA - လေယာဉ်ကွင်းထိခေါ်သွားတယ်။ ဘယ်မှာနေတယ်၊ဘာရပ်ကွက်လဲ၊မိဘက ဘယ်သူလဲ။အိမ်တွေမေးပြီး လက်မှတ်ထိုးပြီး မိန်းမတွေကိုစုပြီး ပြန်လွှတ်လိုက်တယ်၊ မိန်းမတွေက အယောက် ၈၀ လောက်ရှိတယ်။

MGZ- အမတို့မိသားစု အတွက် အလှူရှင်တစ်ယောက်လှူမယ်လို့ကြားတယ်။

TTA- မနက်ကတော့ ကျွန်မအမျိုးသားဆီ တစ်ယောက်ဖုန်းဆက်ပါတယ်။ ကျွန်မကတော့ ကျွန်မစေတနာအလျောက် ရောင်းမယ့်ထဲက လှူတာပါ။ ဘာမှ မျှော်လင့်တယ်ရယ်မဟုတ်ပါဘူး။


#MonywaGazette #အချဉ်ပေါင်းသည် #မတင်တင်အေး

Monywa Gazette

https://www.facebook.com/monywagazette/ 

သီးစုံအချဉ်ပေါင်းရောင်းသူ မုံရွာမြို့ ထန်းတော ညောင်ရိပ်သာရပ်ကွက်နေ မတင်တင်အေး နှင့်တွေ့ဆုံခြင်း။ သီးစုံအချဉ်ပေါင်းရောင်းသူ မုံရွာမြို့ ထန်းတော ညောင်ရိပ်သာရပ်ကွက်နေ မတင်တင်အေး နှင့်တွေ့ဆုံခြင်း။ Reviewed by THITHTOOLWIN on 23:22 Rating: 5

No comments:

Powered by Blogger.