မလုံခြုံစိတ် သံသယစိတ်များလာတဲ့ ရှုပ်ထွေးနေတဲ့ အခြေအနေ


ထောင်ထဲက လူတွေ သောင်းချီလွတ်လာပြီးတဲ့နောက် လူတွေရဲ့ မလုံခြုံစိတ်၊ သံသယစိတ်တွေ ပိုပြီးကြီးထွားလာ နေပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လွတ်ငြိမ်းခွင့်နဲ့. ပြည်ထောင်စုနေ့ မနေ့တုန်းက၊ အကျဥ်းသားတွေ သောင်းနဲ့ချီ လွတ်လာကြပါတယ်။

အဲဒီနောက်မှာတော့ လူထုလှုပ်ရှားမှု ဆန္ဒပြပွဲတွေကို အကြမ်းဖက်ပုံစံမျိုး ပြောင်းသွားအောင်၊ အယောင်ဆောင်တွေ၊ ရန်စမယ့်သူတွေကို စနစ်တကျ စီမံကိန်းချ ဖန်တီးနေတယ် ဆိုတဲ့ လူအများရဲ့ သံသယစိတ်၊ မလုံခြုံတဲ့ စိတ်တွေဟာလည်း ပိုပြီး ကြီးထွားလာနေတာကို မြင်တွေ့ ကြားသိနေရပါတယ်။

သပိတ်မှောက် ၀န်ထမ်းတွေကို ပစ်မှတ်ထားတဲ့ ညဥ့်နက်ပိုင်း လူဖမ်းပွဲတွေကိုလည်း ရပ်ကွက်လူထုတွေ ၀ိုင်း၀န်း ကာကွယ်ရတဲ့ အဖြစ်တွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ် လာပါတယ်။



သံဗုံးတွေတီးရင်း ၊ မကျေမနပ် အော်ဟစ်ကန့်ကွက်ကြတဲ့ အသံတွေ၊ တချို့ နေရာတွေမှာဆို မီးသတ်ဥဩ ဆွဲသံတွေနဲ့ ရပ်ကွက်တော်တော်များများ၊ နေရာအနှံ့မှာ အခြေအနေဟာ ရှုပ်ထွေးနေခဲ့တယ်လို့ရန်ကုန်၊ မန္တလေးတို့မှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက်တွေက ပြောပါတယ်။

မနေ့ညက လူတွေကို လာဖမ်းတာ၊ ဖမ်းဖို့ကြိုးစား ကြတာမျိုးဟာ ၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒ ထုတ်ဖော်နေတဲ့ အခြေအနေကနေ၊ အုံကြွ ပေါက်ကွဲလာအောင် တမင် ဖန်တီးနေသလား ဆိုတဲ့ မေးခွန်းလည်း လူအများကြား ပေါ်ပေါက် လာစေပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-55990515

မလုံခြုံစိတ် သံသယစိတ်များလာတဲ့ ရှုပ်ထွေးနေတဲ့ အခြေအနေ မလုံခြုံစိတ် သံသယစိတ်များလာတဲ့ ရှုပ်ထွေးနေတဲ့ အခြေအနေ Reviewed by THITHTOOLWIN on 09:24 Rating: 5

No comments:

Powered by Blogger.