![]() |
အရပ်ဘက် လေကြောင်းဝန်ထမ်းတွေနဲ့ လေကြောင်းထိန်းသိမ်းရေးဝန်ထမ်းတွေ စစ်အာဏာသိမ်းတာကို အကြမ်းမဖက်ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်လာကြပါတယ်။
အဲဒီလို အာဏာသိမ်း အုပ်ချုပ်ရေး အဖွဲ့နဲ့ မပူးပေါင်းတဲ့ သပိတ်မှောက် ဆန္ဒပြမှုကြောင့် မြန်မာနိုင်ငံ ဝေဟင်ကို ဖြတ်ကျော် ပျံသန်းမယ့် နိုင်ငံတကာ လေကြောင်းခရီးစဥ်တွေအပေါ် သက်ရောက်မှု ရှိလာနိုင်ပါတယ်။
အဲဒါကြောင့် ဒီလိုဖြတ်ကျော်ပျံသန်းတဲ့ လေယာဥ်တွေဆီက ရရှိတဲ့ တစ်နေ့ ငွေကြေး ဒေါ်လာ ၁၈၂,၀၀၀ ကိုလည်း ဆုံးရှုံးနိုင်ခြေရှိလို့ အာဏာသိမ်း အုပ်ချုပ်ရေး အဖွဲ့ ရရှိမယ့် ဘဏ္ဍာဝင်ငွေလည်း လျော့နည်းသွားနိုင်ပါတယ်။
BBC Burmese
လေကြောင်းထိန်းသိမ်းရေးဝန်ထမ်းတွေ သပိတ်မှောက်၊ တစ်နေ့ ဒေါ်လာ နှစ်သိန်းနီးပါး ဆုံးရှုံးဖွယ်ရှိ
Reviewed by THITHTOOLWIN
on
08:56
Rating:

No comments:
Post a Comment