ဒေါက်တာအေးမောင် လွတ်ပြီ


ရခိုင်အမျိုးသားပါတီ ခေါင်းဆောင် ဒေါက်တာအေးမောင်ဟာ ဒီနေ့ ဖေဖော်ဝါရီ ၁၂ ရက်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာပါတယ်။

ဒေါက်တာအေးမောင်နဲ့ လူငယ်စာရေးဆရာ ဝေဟင်အောင်တို့ကို နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅(ခ) တို့နဲ့ စစ်တွေခရိုင် တရားရုံးက ၂၀၁၉ ခုနှစ်မတ်လမှာ ထောင် ဒဏ်နှစ် ၂၀ စီ ချမှတ်ထားတာဖြစ်ပါတယ်။ အဲဒီနောက် သူတို့နှစ်ဦးကို ရန်ကုန်၊ အင်းစိန်ထောင်ကို ပို့ဆောင်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ 

ဒေါက်တာအေးမောင် ၂၀၁၉ ခုနှစ် မှာကျရောက်တဲ့ ရခိုင့်ဘုရင့်အချုပ်အခြာအာဏာကျဆုံးတဲ့နေ့နှစ်ပတ်လည်အခမ်းအနားမှာ ဟောပြောမှုတွေကြောင့် ခုလို ပုဒ်မတွေနဲ့ ဖမ်းဆီးပြီးနှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတာဖြစ်ပါတယ်။ ဒေါက်တာအေးမောင် အပြင်သို့ရောက်ရှိပြီဖြစ်ကြောင်း ၎င်းရဲ့ သားဖြစ်သူ ရခိုင့်ဦးဆောင်ပါတီဝင် ဦးတင်မောင်ဝင်းကလည်း သူ့ရဲ့လူမှုကွန်ရက်ဖေ့စ်ဘွတ်မှာရေးထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-55990515

ဒေါက်တာအေးမောင် လွတ်ပြီ  ဒေါက်တာအေးမောင် လွတ်ပြီ Reviewed by THITHTOOLWIN on 19:34 Rating: 5

No comments:

Powered by Blogger.