ကိုမင်းကိုနိုင် အပါအဝင် ဆန္ဒပြခေါင်းဆောင်တချို့ကို ဖမ်းဝရမ်းထုတ်

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်။ (ဓာတ်ပုံ - Min Ko Naing Facebook)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ရွေးကောက်ပွဲ တာဝန်ရှိသူတွေကို ဖမ်းဆီးနေတာ သီတင်းနှစ်ပတ်ထဲ ရောက်လာချိန်မှာပဲ ဖမ်းဆီးနိုင်ခြင်း မရှိသေးတဲ့ လူသိများတဲ့ လှုပ်ရှားတက်ကြွသူတချို့ကို မနေ့တုန်းက မြန်မာစစ်တပ်က တရားစွဲဆို ဖမ်းဆီးမိန့် ထုတ်ပြန်လိုက်ပါတယ်။

ဒီကျော်ကြားသူတွေက ဆိုရှယ်မီဒီယာနဲ့ လူမှုကွန်ရက်တွေကို အသုံးပြုပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေတဲ့ ရေးသား ပြောဆိုချက်တွေကို လုပ်ဆောင်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ စွပ်စွဲဖော်ပြထားပါတယ်။

ဒီကြေညာချက်အရ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီတို့ အပါအဝင် စုစုပေါင်း ၇ ယောက်ကို ဖမ်းဝရမ်း ထုတ်လိုက်တာ ဖြစ်ပါတယ်။

သူတို့တတွေဟာ လူသိများတဲ့ အခွင့်အရေးကို အသုံးချပြီး လူမှုကွန်ရက်တွေပေါ်ကနေ ဆူပူဆန္ဒပြမှုတွေ ပေါ်ပေါက်လာအောင် လှုံ့ဆော်နေတယ်လို့လည်း စွပ်စွဲထားပါတယ်။ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) နဲ့ ဖမ်းဝရမ်းထုတ်တာလို့ MRTV က မနေ့ညက ကြေညာထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-army-issue-arrest-warrant/5777314.html

ကိုမင်းကိုနိုင် အပါအဝင် ဆန္ဒပြခေါင်းဆောင်တချို့ကို ဖမ်းဝရမ်းထုတ် ကိုမင်းကိုနိုင် အပါအဝင် ဆန္ဒပြခေါင်းဆောင်တချို့ကို ဖမ်းဝရမ်းထုတ် Reviewed by THITHTOOLWIN on 06:56 Rating: 5

No comments:

Powered by Blogger.