အာဏာသိမ်းမှု ၈ ရက်မြောက်နေ့ နိုင်ငံအနှံ ဆန္ဒပြပွဲတွေ ပိုမိုအရှိန်မြင့်လာ

အာဏာသိမ်းမှု ၈ ရက်မြောက်နေ့ နိုင်ငံအနှံ ဆန္ဒပြပွဲတွေ ပိုမိုအရှိန်မြင့်လာ စစ်ဏာရှင်စနစ်ဆန့်ကျင်ရေးနဲ့ ဖမ်းဆီးထားတဲ့သူတွေ ပြန်လွှတ်ရေး ရန်ကုန်မြို့ ဗားဂရာမှာ ၂၀၂၁ ဖေဖော်ဝါရီ ၈ ရက်နေ့က ဆန္ဒပြစဉ် / Photo: RFA
စစ်အစိုးရက အာဏာသိမ်းပြီး ၈ ရက်မြောက်နေ့မှာ မြန်မာနိုင်ငံအနှံအပြားက ပြည်သူတွေဟာ စစ်အစိုးရ ဆန့်ကျင်ရေး၊ ဒီမိုကရေစီရရှိရေးနဲ့ နိုင်ငံခေါင်းဆောင်တွေ ချက်ခြင်းလွှတ်ပေးဖို့ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော် မှု ပိုမိုအရှိန်မြင့်လာခဲ့ပါတယ်။

ရန်ကုန်က ဆူးလေ၊ လှည်းတန်း လမ်းဆုံတွေမှာ တစ်နေရာကို လူဦးရေ သိန်းနဲ့ချီပြီး ရှိနေကြပါတယ်။

ရပ်ကွက်၊ မြို့နယ်အသီးသီးက ဆန္ဒပြသူတွေက လာရောက်စုဝေးနေပြီး မြို့ကို လှည့်ပတ်လမ်းလျှောက် ဆန္ဒထုတ်ဖော်နေကြတာပါ။ ကားတွေနဲ့ မိသားစုအလိုက် လှည့်လည်ဆန္ဒပြသူတွေလည်း ရှိပါတယ်။

ဆန္ဒထုတ်ဖော်သူတွေဟာ တစ်ဦးနဲ့တစ်ဦး အကြမ်းမဖက်ဖို့၊ ရဲတွေနဲ့တွေ့ရင် ရင်ဆိုင်မတိုးဘဲ နောက်ကြောင်း ပြန်လှည့်ဖို့ တစ်ဦးနဲ့ တစ်ဦး အသိပေးနေကြပါတယ်။

ဆန္ဒပြသူတွေထဲမှာ လူငယ် ၉၀ ရာခိုင်နှုန်းခန့်ပါဝင်ပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေ၊ ရှေ့နေတွေ၊ ကလေးငယ်တွေနဲ့ ဘုန်းကြီးတွေလည်း ဆန္ဒပြပွဲမှာပါဝင်လာပါတယ်။

ရဲဝန်ထမ်းတွေက ရန်ကုန်မြို့တော်ခန်းမရှေ့မှာ နေရာယူထားတာရှိပါတယ်။ မနက်ပိုင်းအထိ လှည်းတန်း မီးပွိုင့်မှာ လုံခြုံရေးယူထားတဲ့ ရဲတွေမရှိပါဘူး။

နေပြည်တော်၊ သပြေကုန်းအဝိုင်းမှာ မနက်က ရဲဝန်ထမ်းအင်အား ၁၀၀ ကျော်ရှိခဲ့ပြီး ဆန္ဒပြသူတွေကို ၃ မိနစ် ကြာ လူစုခွဲတဲ့ ရေဖြန်းကားနဲ့ ပက်ဖျန်းခဲ့ပါတယ်။

နေ့လယ် ၁၂ ခွဲအချိန်မှာတော့ သပြေကုန်းအဝိုင်းမှာ လုံခြုံရေးယူထားတဲ့ ရဲဝန်ထမ်းတွေ ဆုတ်ခွာသွား ခဲ့ပါတယ်။

ရခိုင်ပြည်နယ် ဂွမြို့နယ်မှာလည်း အာဏာသိမ်းစစ်တပ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ပါတယ်။

အဲဒီဆန္ဒပြပွဲကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကလည်း သူ့အိမ်ရှေ့ကနေ ထောက်ခံကြောင်း ပြသခဲ့ ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/protest-against-dictatorship-and-free-nld-leaders-02072021232429.html

အာဏာသိမ်းမှု ၈ ရက်မြောက်နေ့ နိုင်ငံအနှံ ဆန္ဒပြပွဲတွေ ပိုမိုအရှိန်မြင့်လာ  အာဏာသိမ်းမှု ၈ ရက်မြောက်နေ့ နိုင်ငံအနှံ ဆန္ဒပြပွဲတွေ ပိုမိုအရှိန်မြင့်လာ Reviewed by THITHTOOLWIN on 14:43 Rating: 5

No comments:

Powered by Blogger.