စမ်းချောင်းက မသင်္ကာဖွယ် လူ ၃ ဦးကို ရဲလက်အပ်


စမ်းချောင်းမှာ မနေ့ညက ဖမ်းမိတဲ့ မသင်္ကာဖွယ် လူ ၃ ယောက်ကို ရပ်ကွက်က ဝိုင်းဝန်းထိန်းသိမ်းထားတာဖြစ်ပြီး ရဲလက်ကိုအပ်ဖို့ စောင့်ဆိုင်းနေတာကို ဖေဖော်ဝါရီ ၁၃ ရက်မနက်ပိုင်းမှာ တွေ့ရတာဖြစ်ပါတယ်။ ယခု နေ့လယ်ပိုင်းမှာတော့ဒီ လူ ၃ ဦးကို စမ်းချောင်း ရဲစခန်းကိုအပ်နှံလိုက်ပြီး ရဲကဆက်လက်စစ်ဆေးနေပါတယ်။ သပိတ်မှောက် ၀န်ထမ်းတွေကို ပစ်မှတ်ထားတဲ့ ညဉ့်နက်ပိုင်း လူဖမ်းပွဲတွေကိုလည်း ရပ်ကွက်လူထုတွေ ၀ိုင်း၀န်း ကာကွယ်ရတဲ့ အဖြစ်တွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ် လာပါတယ်။


သံဗုံးတွေတီးရင်း ၊ မကျေမနပ် အော်ဟစ်ကန့်ကွက်ကြတဲ့ အသံတွေ၊ တချို့ နေရာတွေမှာဆို မီးသတ်ဥဩ ဆွဲသံတွေနဲ့ ရပ်ကွက်တော်တော်များများ၊ နေရာအနှံ့မှာ အခြေအနေဟာ ရှုပ်ထွေးနေခဲ့တယ်လို့ရန်ကုန်၊ မန္တလေးတို့မှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက်တွေက ပြောပါတယ်။



BBC Burmese

https://www.bbc.com/burmese/live/burma-55990515


စမ်းချောင်းက မသင်္ကာဖွယ် လူ ၃ ဦးကို ရဲလက်အပ်  စမ်းချောင်းက မသင်္ကာဖွယ် လူ ၃ ဦးကို ရဲလက်အပ် Reviewed by THITHTOOLWIN on 19:02 Rating: 5

No comments:

Powered by Blogger.