တစ်နေ့တည်း ဆန္ဒပြသူ ၅၀၀ နီးပါး ဖမ်းဆီး၊ မုံရွာမြို့က အများဆုံး ဖမ်းဆီးခံရ

တစ်နေ့တည်း ဆန္ဒပြသူ ၅၀၀ နီးပါး ဖမ်းဆီး၊ မုံရွာမြို့က အများဆုံး ဖမ်းဆီးခံရ

ရန်ကုန်၊ မန္တလေး၊ မုံရွာမြို့တို့နဲ့ နိုင်ငံအနှံ့က ဆန္ဒပြမှုတွေကနေ အမျိုးသမီး ၁၈၃ ဦးအပါအဝင် စုစုပေါင်း လူ ၄၇၉ ဦး ကို ဖမ်းဆီးထားတယ်လို့ ရုပ်မြင်သံကြားက ကြေညာပါတယ်။

ဖမ်းဆီးခံရသူ အများဆုံးက မုံရွာမြို့မှာ ၁၇၃ ဦး၊ ရန်ကုန် မြို့မှာ ၁၆၆ ဦး နဲ့ မန္တလေးမြို့မှာ ၉၂ ဦး တို့ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေထဲက ဦးစီးဦးဆောင်ပြုလုပ်သူတွေကို ဖော်ထုတ် အရေးယူသွားမယ်လို့လည်း ဆိုပါတယ်။

မြို့ ၁၃ မြို့က ဆန္ဒပြမှုတွေကို ရဲတပ်ဖွဲ့က လူစုခွဲခဲ့တယ်လို့ ကြေညာပြီး နေရာအများစုမှာ အသံဗုံး အသုံးပြုပြီးပြီး လူစုခွဲခဲ့တယ်လို့ အဲဒီ ကြေညာချက်က ဆိုပါတယ်။

ဒါပေမဲ့ မြို့ခံတွေရဲ့ အဆိုအရ သေနတ်ပစ်ဖောက် လူစုခွဲမှုတွေနဲ့ သေနတ်ထိမှန် ဒဏ်ရာရသူတွေ ရှိတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့မှာတော့ ဆန္ဒပြမှုက ဖမ်းဆီးခံရသူတွေကို အချုပ်ကား ၁၀ စီးကျော်နဲ့ အင်းစိန်ထောင်ကိုပို့ခဲ့ပြီး ဖမ်းထားသူတွေ ပြန်လွှတ်ပေးဖို့ ထောင်ရှေ့ စုရုံးတောင်းဆိုတာတွေ ဖြစ်ခဲ့ပါတယ်။

တချို့နေရာတွေမှာ နောက်ပိုင်းမှာ ဖမ်းဆီးထားသူတွေထဲက တချို့ကို ပြန်လွှတ်ပေးခဲ့တာကို တွေ့ရပါတယ်။

မုံရွာမြို့က အမျိုးသမီးတွေကို ညပိုင်းမှာ ပြန်လွှတ်ပေးတာကိုလည်း တွေ့ရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56140135

တစ်နေ့တည်း ဆန္ဒပြသူ ၅၀၀ နီးပါး ဖမ်းဆီး၊ မုံရွာမြို့က အများဆုံး ဖမ်းဆီးခံရ တစ်နေ့တည်း ဆန္ဒပြသူ ၅၀၀ နီးပါး ဖမ်းဆီး၊ မုံရွာမြို့က အများဆုံး ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 23:18 Rating: 5

No comments:

Powered by Blogger.