ဆန္ဒပြမှုတွေကို အင်အားသုံး တုံ့ပြန်ခဲ့တာအပေါ် အကြီးအကျယ် စိုးရိမ်မိကြောင်း မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ ပြော


မြန်မာနိုင်ငံတစ်ဝန်း လတ်တလော ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြောင့် ဆန္ဒပြသူ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး တချို့ ဒဏ်ရာစိုးရိမ်ရကြောင်းကို နေပြည်တော်၊ မန္တလေးနဲ့တခြား မြို့ကြီးတွေက ရတဲ့ သတင်းတွေအရ သိခဲ့ရတယ်လို့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ကုလသမဂ္ဂအဖွဲ့က ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Ola Almgren က “လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် လွတ်လပ်စွာ ဖော်ထုတ်ခွင့်များ အပါအဝင် အခြေခံ လွတ်လပ်ခွင့်များနှင့် လူ့အခွင့်အရေးများကို လေးစားရန် တောင်းဆိုသည်။ ဆန္ဒပြသူများအပေါ် မမျှတသော အင်အား အသုံးပြုခြင်းကို လက်မခံနိုင်ပါ” လို့ ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ပြောကြားထားချက်အတိုင်း စစ်ဘက်ခေါင်းဆောင်တွေအနေနဲ့ မြန်မာပြည်သူပြည်သားများ၏ ဆန္ဒသဘောထားကို လေးစားရန်နဲ့ ဒီမိုကရေစီစံနှုန်းများကို လေးစားလိုက်နာရန်၊ မတူကွဲပြားမှုများကို ငြိမ်းချမ်းစွာ အပြန်အလှန် ဆွေးနွေးညှိနှိုင်းသော နည်းလမ်းဖြင့် အဖြေရှာရန် တိုက်တွန်းလိုက်ကြောင်း Mr. Almgren က ထပ်လောင်း ပြောကြားခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-55990512

ဆန္ဒပြမှုတွေကို အင်အားသုံး တုံ့ပြန်ခဲ့တာအပေါ် အကြီးအကျယ် စိုးရိမ်မိကြောင်း မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ ပြော ဆန္ဒပြမှုတွေကို အင်အားသုံး တုံ့ပြန်ခဲ့တာအပေါ် အကြီးအကျယ် စိုးရိမ်မိကြောင်း မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ ပြော Reviewed by THITHTOOLWIN on 19:51 Rating: 5

No comments:

Powered by Blogger.