ရွှေပြည်သာမှာ ကင်းသမားတစ်ဦးပစ်ခတ်ခံရပြီးသေဆုံး




ရွှေပြည်သာမြို့နယ် တ-၁၅ရပ်ကွက်က ရပ်ကွက်လုံခြုံရေး ကင်းစောင့်သူ တစ်ဦး ည ၁၁ နာရီ ဝန်းကျင်မှာ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ အဲဒီက ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။

ဖြတ်သွားတဲ့ ရဲကားကို တားဆီးရာက သေနတ်နဲ့ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ဖေ့စ်ဘွတ်ခ်မှာ တိုက်ရိုက်ထုတ်လွှင့်တဲ့ ဗီဒီယိုမှာ ပြောဆိုနေကြတာကိုလည်း တွေ့ရပါတယ်။

ညပိုင်း ကင်းစောင့်နေတဲ့ အမျိုးသား သေနတ်နဲ့ သုံးချက် ပစ်ခတ်ခံရတတယ်လို့ ပြောဆိုတာကို ကြားရပြီး ကျည်ဆံခွံတွေကို ကောက်ယူရထားတာကိုလည်း အဲဒီထုတ်လွှင့်မှုထဲမှာ တွေ့ရပါတယ်။

လဲကျနေတဲ့ အမျိုးသား ခေါင်းမှာ ကျည်ဆန်ထိမှန် ထားတာကိုလည်း တွေ့ရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး ထပ်မံ သိရှိရတဲ့ သတင်းတွေကို ဆက်လက်ဖော်ပြပါမယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56091207

ရွှေပြည်သာမှာ ကင်းသမားတစ်ဦးပစ်ခတ်ခံရပြီးသေဆုံး  ရွှေပြည်သာမှာ ကင်းသမားတစ်ဦးပစ်ခတ်ခံရပြီးသေဆုံး Reviewed by THITHTOOLWIN on 01:22 Rating: 5

No comments:

Powered by Blogger.