လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် အရေးကြီးတဲ့ခြေလှမ်းဟု အတွင်းရေးမှူးချုပ် ပြောခွင့်ရပြေ

Stephane Dujarric ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်က အာဏာသိမ်းမှုကို ပြောင်းပြန်လှန်ပစ်ရေး နိုင်ငံတကာ အသိုက်အဝန်းက အခိုင်အမာ ပြောဆိုလုပ်ကိုင်လိမ့်မယ်ဆိုတာကို ပြသလိုက်တာလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က ပြောပါတယ်။

“ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်က အရေးကြီးတဲ့ ခြေလှမ်း တစ်ရပ် ဖြစ်ပါတယ်။ အာဏာသိမ်းမှုကို ပြောင်းပြန် လှန်ပစ် ရေး နိုင်ငံတကာ အသိုက်အဝန်းက အခိုင်အမာ ပြောဆိုလုပ်ကိုင်သွားမယ်ဆိုတာကို ပြသလိုက်တာ ဖြစ်သလို မြန်မာပြည်သူ ပြည်သားတွေရဲ့ ဒီမိုကရေစီရေး လိုအင်ဆန္ဒနဲ့ သူတို့ရဲ့ အခွင့်အရေးတွေကို အပြည့်အဝ လေးစားဖို့ ပြောဆိုသွားမယ်ဆိုတာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်” လို့ ကုလ ပြောခွင့်ရ Stephane Dujarric က သောကြာနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အနေနဲ့ပဲ ဖြစ်ဖြစ်၊ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ်ကပဲ ဖြစ်ဖြစ်၊ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူး ကိုယ်စားလှယ်ကပဲ ဖြစ်ဖြစ် ဆက်လက် ဝေဖန် ပြောဆိုသွားမှာ ဖြစ်သလို တခြား မိတ်ဖက်တွေနဲ့ လက်တွဲ လုပ်ကိုင်သွားမှာ ဖြစ်ကြောင်းနဲ့ လူ့အခွင့်အရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ပါ အချက်အလက်တွေကို လိုအပ်သလို အကောင်အထည် ဖော်သွားမယ်လို့လည်း သူကပြောပါတယ်။

ဒါ့အပြင်၊ လူတွေ တရားဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းခံနေရတာနဲ့ အင်အားသုံး အကြမ်းဖက်မှုတွေ အပါအဝင် လက်တလော ဖြစ်ရပ်တွေကို မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက စိုးရိမ်တကြီးနဲ့ စောင့်ကြည့် နေတယ်လို့ ကုလအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်က အာဏာသိမ်းမှုကို ပြောင်းပြန်လှန်ပစ်ရေး နိုင်ငံတကာ အသိုက်အဝန်းက အခိုင်အမာ ပြောဆိုလုပ်ကိုင်လိမ့်မယ်ဆိုတာကို ပြသလိုက်တာလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က ပြောပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-un-human-rights-council-react-/5776826.html

လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် အရေးကြီးတဲ့ခြေလှမ်းဟု အတွင်းရေးမှူးချုပ် ပြောခွင့်ရပြေ လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် အရေးကြီးတဲ့ခြေလှမ်းဟု အတွင်းရေးမှူးချုပ် ပြောခွင့်ရပြေ Reviewed by THITHTOOLWIN on 08:07 Rating: 5

No comments:

Powered by Blogger.