နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနကို ဖျက်သိမ်း


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနကို ဖျက်သိမ်းလိုက်ပါတယ်။ 

ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြခံဥပဒေ ပုဒ်မ ၄၁၉ အရ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနကို ဖျက်သိမ်းကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ဖေဖော်ဝါရီလ ၂၂ ရက်နေ့စွဲနဲ့ အကြောင်းကြားလာတဲ့ အမိန့်စာကို လက်ခံရရှိပါတယ်ဆိုပြီး ရဲချုပ်ကိုယ်စား ရဲမှူးချုပ်ဇော်ထွန်းအောင်က လက်မှတ်ရေးထိုးထားပါတယ်။ 

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနဟာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝန်ကြီးဌာန ဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်ကတော့ ဦးဇော်ဌေးဖြစ်ပါတယ်။


RFA Burmese

https://www.facebook.com/rfaburmese/

နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနကို ဖျက်သိမ်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနကို ဖျက်သိမ်း Reviewed by THITHTOOLWIN on 01:23 Rating: 5

No comments:

Powered by Blogger.