![]() |
စစ်တပ်က မြန်မာပြည်သူလူထုအပေါ် ပိုပြီးအကြမ်းဖက်လာလေ၊ စစ်တပ်အာဏာသိမ်းမှုဟာ တရားဝင်မှု ကင်းမဲ့လေ၊ အာဏာသိမ်းခေါင်းဆောင်တွေ ပိုပြီး အပြစ်ကြီးလေဖြစ်တယ်လို့ မနေ့ကကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအစည်းအဝေးက ကြေညာချက်ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီလဆန်းပိုင်းက ပေါ်ပေါက်ခဲ့တဲ့ စစ်တပ် အာဏာသိမ်းမှုဟာ ဒီမိုကရေစီဆီ အသွင်ကူးပြောင်းနေတဲ့ မြန်မာ့အခြေအနေကို နောက်ပြန်ဆွဲလိုက်တာဖြစ်ကြောင်း၊ ဒါ့ပြင် နိုင်ငံရေး ခေါင်းဆောင်တွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ စာနယ်ဇင်းသမားတွေ၊ ရဟန်းသံဃာတွေ၊ ကျောင်းသားကျောင်းသူတွေ အပါအဝင် လူ ၃၅၀ကျော် ဖမ်းဆီးထိန်းသိမ်းခံ ထားရတာကို တွေ့ရှိကြောင်း၊ အဲဒီထဲက အများအပြားကို အခြေအမြစ်မဲ့တဲ့ ရာဇတ်မှု ပုဒ်မ တွေနဲ့ တရားစွဲဆိုထားပြီး သူတို့ဟာ ဥပဒေလမ်းကြောင်းဆိုင်ရာ ခံစားခွင့်တွေ မရရှိတဲ့အပြင်၊ မိသားစုဝင်တွေနဲ့လည်း တွေ့ခွင့်မရ၊ ဆက်သွယ်ခွင့်မရကြောင်း၊ သတင်းအစအနမရဘဲ ပျောက်ဆုံးနေသူတွေလည်း ရှိနေကြောင်း ကြေညာချက်မှာ ဖော်ပြပါတယ်။
ဒါ့ပြင် ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြသူတွေကို သေစေ၊ ဒဏ်ရာရစေနိုင်တဲ့ လက်နက်တွေနဲ့ ဖြိုခွဲခဲ့တဲ့အပေါ် လက်မခံနိုင်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
RFA Burmese

No comments:
Post a Comment