ရန်ကုန်နဲ့ မြို့ကြီးတွေမှာ ဆူပူမှုဖြစ်အောင် လုပ်သူတွေရှိလို့ မြို့ခံတွေပြော

 

ရန်ကုန်တိုင်းဒေသကြီးထဲက မြို့နယ် အတော်များများမှာ မငြိမ်မသက်ဖြစ်အောင် လုပ်ဆောင်မှုတွေ ရှိနေတယ်လို့ မြို့နယ်အတွင်းနေထိုင်သူတွေက ပြောကြပါတယ်။

သာကေတ၊ စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင်၊ ပုဇွန်တောင်၊ ဗဟန်း စတဲ့ မြို့နယ်တွေမှာ မငြိမ်မသက်တွေ ဖြစ်အောင် လုပ်ဆောင်ဖို့ လူစိမ်းတွေ ရောက်လာကြတယ်လို့ မြို့နယ်တွင်းနေသူတွေက ပြောပါတယ်။

တချို့မြို့နယ်တွေမှာ လူစိမ်းတွေက မီးရှို့ဖို့ ကြိုးစားတာကိုလည်း ဖမ်းဆီးရမိတယ်လို့ ဆိုကြပါတယ်။

သာကေတမြို့နယ်မှာ ဆိုရင် လူစိမ်းတချို့ကို ရပ်ကွက်နေသူတွေ ဖမ်းမိထားပြီး လက်ထဲမှာ တင်ဒါ ပုလင်းတွေတွေ့ခဲ့ရတယ်လို့ ပြောကြပါတယ်။

မြစ်ကြီးနား၊ မန္တလေးနဲ့ တခြား မြို့ကြီးတွေမှာလည်း အလားတူ အဖြစ်အပျက်မျိုးတွေ ရှိနေသလို၊ CDM မှာ ပါဝင်တဲ့ ဝန်ထမ်းတွေကို ရဲတွေက ဝင်ရောက် ဖမ်းဆီးနေတဲ့ အတွက် ရပ်ကွက်နေသူတွေက သံပုံးတီးမောင်းထုတ်နေရတာတွေလည်း ရှိတယ်လို့ မျက်မြင်တွေ့သူတွေက ဘီဘီစီကို ပြောကြပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-55990515

ရန်ကုန်နဲ့ မြို့ကြီးတွေမှာ ဆူပူမှုဖြစ်အောင် လုပ်သူတွေရှိလို့ မြို့ခံတွေပြော  ရန်ကုန်နဲ့ မြို့ကြီးတွေမှာ ဆူပူမှုဖြစ်အောင် လုပ်သူတွေရှိလို့ မြို့ခံတွေပြော Reviewed by THITHTOOLWIN on 21:55 Rating: 5

No comments:

Powered by Blogger.