မြန်မာတက္ကသိုလ်ကျောင်းသားသမဂ္ဂတွေ စုပေါင်းပြီး တရုတ်သမ္မတဆီ စာပို့

 

မြန်မာတက္ကသိုလ်ကျောင်းသားသမဂ္ဂတွေ စုပေါင်းပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်ထံ အိတ်ဖွင့်စာတစ်စောင်ပေးပို့ခဲ့ပါတယ်။

ဒီပေးစာကို ဖေဖော်ဝါရီ ၁၁ ရက်က ထုတ်ပြန်ခဲ့တာဖြစ်ပြီး မြန်မာ့ဒီမိုကရေစီအရေးမှာ မြန်မာလူထုရဲ့ဆန္ဒကို အလေးအနက် အသိအမှတ်ပြုစေဖို့လို့ ပါရှိပါတယ်။

"လက်ရှိ မြန်မာ့နိုင်ငံရေးအ‌ခြေအနေနဲ့ တရုတ်ဘက်က ဝင်ပါနေတယ်ဆိုတာတွေ ကြားသိနေရတယ်။ ကောလာဟလတွေရောပေါ့။ နောက်ပြီးတော့ ဖြစ်နိုင်ချေလည်း ရှိတယ်ပေါ့နော်။ အဲ့ဒါကြောင့်မလို့ မတရားတဲ့ဘက်ကနေ တရုတ်က မရပ်တည်ပေးဖို့အတွက် စာပို့ဖြစ်တာပါ" လို့ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဉက္ကဋ္ဌ မအေးသီရိစံက ပြောပါတယ်။

တက္ကသိုလ်(၁၈)ခုကကျောင်းသားသမဂ္ဂတွေ စုစည်းပေးပို့တာဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၊ လုံခြုံရေးကောင်စီနဲ့ လူ့အခွင့်အရေးကောင်စီတို့ကိုလည်း ပေးပို့သွားမယ်လို့ ဆိုပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-55990515

မြန်မာတက္ကသိုလ်ကျောင်းသားသမဂ္ဂတွေ စုပေါင်းပြီး တရုတ်သမ္မတဆီ စာပို့  မြန်မာတက္ကသိုလ်ကျောင်းသားသမဂ္ဂတွေ စုပေါင်းပြီး တရုတ်သမ္မတဆီ စာပို့ Reviewed by THITHTOOLWIN on 10:26 Rating: 5

No comments:

Powered by Blogger.