ကိုမင်းကိုနိုင်နဲ့ ထင်ရှားသူတချို့ကို ဖမ်းဝရမ်းထုတ်ထားတယ်လို့ ကြေညာ


ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ လင်းလင်း၊ အင်းစိန်အောင်စိုး၊ ကိုမျိုးရန်နောင်သိမ်း၊အိပန်ဆယ်လို နဲ့ ကိုမောင်မောင်အေးတို့ဟာ လူသိများတဲ့အခွင့်အရေးကို အသုံးချပြီး နိုင်ငံငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေတဲ့ ရေးသားပြောဆိုချက်တွေကို ဆိုရှယ်မီဒီယာတွေမှာ လုပ်ဆောင်နေတယ်ဆိုပြီးရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆိုထားကြောင်းနဲ့ သက်ဆိုင်ရာ တရားရုံးတွေက ဖမ်းဝရမ်းတွေ ထုတ်ထားကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

သူတို့ကို လက်ခံထားသူတွေကိုပါ ဥပဒေနဲ့အညီ အရေးယူမယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။




BBC Burmese

https://www.bbc.com/burmese/live/burma-55990515

ကိုမင်းကိုနိုင်နဲ့ ထင်ရှားသူတချို့ကို ဖမ်းဝရမ်းထုတ်ထားတယ်လို့ ကြေညာ  ကိုမင်းကိုနိုင်နဲ့ ထင်ရှားသူတချို့ကို ဖမ်းဝရမ်းထုတ်ထားတယ်လို့ ကြေညာ Reviewed by THITHTOOLWIN on 19:35 Rating: 5

No comments:

Powered by Blogger.