ဥရောပသမဂ္ဂအနေနဲ့ အခုဖြစ်ပျက်ခဲ့တာတွေအပေါ် တုန့်ပြန်မှုတွေလုပ်ဆောင်သွားပါမယ်။


အခုသီတင်းပတ်ကုန်မှာ မြန်မာစစ်တပ်ဟာ တစ်နိုင်ငံလုံးအနှံ့က ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူတွေအပေါ် ရက်ရက်စက်စက် ဖိနှိပ်ဖြိုခွင်းခဲ့လို့ ဆန္ဒပြသူအများအပြား သေဆုံး၊ ဒဏ်ရာရတာတွေ ဖြစ်ခဲ့ပါတယ်။ လက်နက်မဲ့နိုင်ငံသားတွေကို လုံခြုံရေးတပ်ဖွဲ့တွေက နိုင်ငံတကာဥပဒေတွေကို ပြောင်ကျကျ ချိုးဖောက်လိုက်တာကိုပြလိုက်တာဖြစ်ပြီး ဒီတာဝန်ရှိသူတွေကို အရေးယူရပါမယ်။

 ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကို တရားမဝင်ဖယ်ရှားခဲ့တဲ့သူတွေရဲ့ အကြမ်းဖက်မှုဟာ တရားဝင်မှု (Legitimacy)ရမှာမဟုတ်ပါဘူး။ မြန်မာစစ်တပ်အနေနဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်အင်အားသုံးတာတွေ ချက်ချင်းရပ်ပြီး ပြည်သူတွေရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ စုဝေးခွင့်ကို ခွင့်ပြုရပါမယ်။

ဥပရောပသမဂ္ဂဟာ ဒီမိုကရေစီကို ကာကွယ်နေတဲ့ သတ္တိရှိတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပါတယ်။ ဥရောပသမဂ္ဂအနေနဲ့ အခုဖြစ်ပျက်ခဲ့တာတွေအပေါ် တုန့်ပြန်မှုတွေလုပ်ဆောင်သွားပါမယ်။


ဂျိုးဆက် ဘော်ရဲလ် - ဥရောပသမဂ္ဂမဟာမင်းကြီး

The Mandalay News Journal

https://www.facebook.com/TheMandalayNewsJournal

ဥရောပသမဂ္ဂအနေနဲ့ အခုဖြစ်ပျက်ခဲ့တာတွေအပေါ် တုန့်ပြန်မှုတွေလုပ်ဆောင်သွားပါမယ်။ ဥရောပသမဂ္ဂအနေနဲ့ အခုဖြစ်ပျက်ခဲ့တာတွေအပေါ် တုန့်ပြန်မှုတွေလုပ်ဆောင်သွားပါမယ်။ Reviewed by THITHTOOLWIN on 22:14 Rating: 5

No comments:

Powered by Blogger.