မြန်မာ့နိုင်ငံရေးပဋိပက္ခ ပြည်တွင်းရေးကိစ္စဖြစ် (တရုတ်နိုင်ငံခြားရေးဝန်ကြီး)

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi

မြန်မာနိုင်ငံမှာ လတ်တလောရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေတွေက မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စသာဖြစ်တယ်လို့ တရုတ် နိုင်ငံနဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) က ယူဆကြောင်းတရုတ်နိုင်ငံတော် ကောင်စီဝင်လည်း ဖြစ် နိုင်ငံခြားရေး ဝန်ကြီး လည်း ဖြစ်သူ Wang Yi က ပြောပါတယ်။

အာဆီယံ အလှည့်ကျ ဥက္ကဌ အဖြစ်တာဝန်ယူထားတဲ့ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး II Dato Erywan Pehin Yusof နဲ့ တယ်လီဖုန်းနဲ့ ဆက်သွယ်စကားပြောပြီးချိန် သောကြာနေ့က တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi က အခုလိုမှတ်ချက်ပြုပြောဆိုခဲ့တာလို့ တရုတ် နိုင်ငံပိုင် CNTG သတင်းဌာနက ပြောပါတယ်။

မြန်မာနိုင်ငံက ပြဿနာတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ တရားဥပဒေဘောင်အတွင်းကနေ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်း သင့် သလို ပြည်တွင်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေ နည်းလမ်းတကျ လုပ်ဆောင်ဖို့ကိုလည်း အားပေးအားမြှောက် ပြု သင့်တယ် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောပါတယ်။

မြန်မာနိုင်ငံက စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေအထဲ မကြာသေးမီ ရက်တွေအတွင်း ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့က တရုတ်သံရုံးနဲ့ ကောင်စစ်ဝန် ရုံးရှေ့တွေမှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲတွေလည်း ပါဝင်လာခဲ့ပါတယ်။ အာဏာသိမ်းမှုအပေါ် တရုတ်နိုင်ငံက ပျော့ပြောင်းတဲ့ သဘောထား ပြသနေသလို အာဏာသိမ်း စစ်ကောင်စီကို အကူအညီပေးနေတယ်ဆိုတဲ့ သတင်းတွေကြောင့်လည်း မြန်မာနိုင်ငံအတွင်းက တရုတ် သံရုံး၊ ကောင်စစ်ဝန် ရုံးတွေရှေ့မှာဆန္ဒပြတဲ့နည်းတူ ပြည်ပနိုင်ငံတွေက တရုတ် သံရုံးတွေမှာ ဆန္ဒ ပြပွဲတွေလုပ်ဖို့လည်း ပြည်ပက ဆန္ဒပြသူတွေက စီစဉ်ဆောင်ရွက်နေကြပါတယ်။

ဖေဖော်ဝါရီလ ၄ ရက်နေ့က မြန်မာ့အရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ထုတ်ပြန်တဲ့ ကြေညာချက်မှာလည်း အာဏာသိမ်းတာ ကို ရှုတ်ချတဲ့ စကားလုံးတွေကို တရုတ်နိုင်ငံက ကန့်ကွက်တာကြောင့် ဖယ်ရှားပြီး ထုတ်ပြန်ခဲ့ရတာပါ။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-country-situation-chinese-fm-react-/5785511.html

မြန်မာ့နိုင်ငံရေးပဋိပက္ခ ပြည်တွင်းရေးကိစ္စဖြစ် (တရုတ်နိုင်ငံခြားရေးဝန်ကြီး) မြန်မာ့နိုင်ငံရေးပဋိပက္ခ ပြည်တွင်းရေးကိစ္စဖြစ် (တရုတ်နိုင်ငံခြားရေးဝန်ကြီး) Reviewed by THITHTOOLWIN on 08:21 Rating: 5

No comments:

Powered by Blogger.