ငွေတွေကို အကန့်အသတ်နဲ့သာ ထုတ်ပေးဖို့ ဘဏ်တွေကို ဗဟိုဘဏ်ညွှန်ကြား

 ငွေတွေကို အကန့်အသတ်နဲ့သာ ထုတ်ပေးဖို့ ဘဏ်တွေကို ဗဟိုဘဏ်ညွှန်ကြား

ငွေသားစီမံခန့်ခွဲမှု ပိုမိုကောင်းမွန်စေဖို့အတွက် ဘဏ်တွေအနေနဲ့ အီလက်ထရောနစ် စနစ်နဲ့ ငွေပေးချေဖို့ မြန်မာနိုင်ငံ ဗဟိုဘဏ်ကနေ မတ်လ ၁ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်မယ့် ရုံးတွင်းညွှန်ကြားစာတစ်စောင်ကို ဘီဘီစီကတွေ့ရှိခဲ့ပါတယ်။

ဒီညွှန်ကြားစာကို လက်ခံရရှိတဲ့ အကြောင်း ပုဂ္ဂလိကဘဏ်ကြီးတစ်ခုရဲ့ ဘဏ်ရုံးခွဲ မန်နေဂျာတစ်ယောက်က ဘီဘီစီကို အတည်ပြုပြောပါတယ်။

ငွေသားသုံးစွဲမှု လျှော့ချရေးကို အဓိက ဦးစားပေး ဆောင်ရွက်ဖို့နဲ့ အစိုးရဌာနတွေရဲ့ ငွေပေးချေမှုတွေကို CBM-NET System ကိုသုံးပြီး ဘဏ်ရှိစာရင်းတွေကနေတဆင့် ငွေပေးချေတဲ့နည်းလမ်းတွေ၊ အီလက်ထရောနစ် ငွေပေးချေမှုနည်းလမ်းတွေ၊ မိုဘိုင်းငွေပေးချေမှုနည်းလမ်းတွေ၊ Cheque/PO တွေကို ဦးစားပေး ဆောင်ရွက်ဖို့ ညွှန်ကြားထားတာ တွေ့ရပါတယ်။

ATM ကနေ ငွေထုတ်ယူမှုကို တစ်ရက်ကို အများဆုံး ကျပ် ၅ သိန်းသာ ထုတ်ယူခွင့်ပြုဖို့ ညွှန်ကြားထားသလို ဘဏ်စာရင်းကနေ ငွေထုတ်ယူတဲ့အခါ လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက် တစ်ပတ်ကို အများဆုံး ကျပ် သိန်း ၂၀ နဲ့ ကုမ္ပဏီ အဖွဲ့အစည်းတွေအတွက် တစ်ပတ်ကို အများဆုံး သိန်း ၂၀၀ အထိသာ ထုတ်ယူခွင့် ပြုဖို့ကိုလည်း အဲဒီစာထဲမှာ ညွှန်ကြားထားပါတယ်။

အစိုးရဌာနတွေနဲ့စီးပွားရေးလုပ်ငန်းကြီးတွေရဲ့လကုန်ရက်မှာလုပ်ခ၊လစာပေးချေမှုတွေအတွက်လိုအပ်ချက်တွေအပေါ်မူတည်ပြီးဘဏ်တွေအနေနဲ့ မိမိရဲ့ ငွေကြေးလက်ကျန် အခြေအနေအရ စိစစ်ထုတ်ပေးဖို့နဲ့ လိုအပ်ပါက ဗဟိုဘဏ်ကို တင်ပြဆောင်ရွက်ဖို့လည်း ဖော်ပြထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56140135

ငွေတွေကို အကန့်အသတ်နဲ့သာ ထုတ်ပေးဖို့ ဘဏ်တွေကို ဗဟိုဘဏ်ညွှန်ကြား  ငွေတွေကို အကန့်အသတ်နဲ့သာ ထုတ်ပေးဖို့ ဘဏ်တွေကို ဗဟိုဘဏ်ညွှန်ကြား Reviewed by THITHTOOLWIN on 21:26 Rating: 5

No comments:

Powered by Blogger.