မြို့ကြီးတွေမှာ ဆန္ဒပြသူတွေကို တစ်ပြိုင်နက် အကြမ်းဖက်ဖြိုခွဲ

မြို့ကြီးတွေမှာ ဆန္ဒပြသူတွေကို တစ်ပြိုင်နက် အကြမ်းဖက်ဖြိုခွဲ ရန်ကုန်မြို့၊ မြေနီကုန်းမှာ ဆန္ဒပြနေသူတွေကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးပြီး မျက်ရည်ယိုဗုံးတွေ ပစ်ဖောက်တာကြောင့် ထွက်ပြေးနေတာကို ၂၀၂၁၊ ဖေဖော်ဝါရီ ၂၇ ရက်နေ့က တွေ့ရစဉ်  / Photo: RFA

ရန်ကုန်၊ ထားဝယ်၊ မြိတ်၊ မုံရွာ၊ မန္တလေး မြို့တွေမှာ ဆန္ဒပြပြည်သူတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲတာ တွေ တစ်ပြိုင်နက်ဆောင်ရွက်ခဲ့ပြီး ဆန္ဒပြသူတွေ စုဝေးလို့မရအောင် စုရပ်တွေမှာ မျက်ရည်ယိုဗုံးသုံး လူစုခွဲတာတွေ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ဒီနေ့မနက်ပိုင်းမှာ လုပ်ဆောင်ခဲ့ပါတယ်။

ဆန္ဒပြပွဲတွေကိုသတင်းယူနေတဲ့ ရန်ကုန်က သတင်းသမားသုံးဦး မုံရွာမြို့က သတင်းသမားတစ်ဦး ဖမ်းဆီး ခံလိုက်ရပါတယ်။

ရန်ကုန်က MPA က ဓာတ်ပုံသတင်းထောက် ကိုရဲမျိုးခန့်နဲ့ AP က ဓာတ်ပုံသတင်းထောက် ကိုသိန်းဇော်တို့ဟာ လှည်းတန်းမှာ သတင်းရယူနေစဉ် ဒီနေ့မနက်မှာပဲ ဖမ်းဆီးခံလိုက်ရတာပါ။

မြေနီကုန်းမှာ သတင်းယူနေတဲ့ Myanmar Now သတင်းထောက် မကေဇွန်နွေးကို ရဲတပ်ဖွဲ့က အချုပ်ကားပေါ် မှာ ဖမ်းဆီးထားတယ်လို့ Myanmar Now က နေ့လယ် ၁၁ နာရီ မိနစ် ၂၀ ခန့်မှာ သတင်းထုတ်ပြန် ထားပါတယ်။

မုံရွာမြို့က ဆန္ဒပြနေတဲ့ ပြည်သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးနေတာကို တိုက်ရိုက် ထုတ်လွှင့်ပြသနေတဲ့ မုံရွာဂေဇတ် ဂျာနယ်က CEO ဖြစ်သူ ကိုကျော်ကျော်ဝင်း (ခ) ကိုလေး ကိုလည်း ရဲတပ်ဖွဲ့က ရိုက်နှက် ဖမ်းဆီးသွားပါတယ်။ မုံရွာမြို့ ဗိုလ်ချုပ်လမ်းမှာ ဖြစ်ပွားခဲ့တာပါ။

ကိုလေးနဲ့အတူ တခြား အမျိုးသား သတင်းထောက် တစ်ယောက်လည်း ဖမ်းဆီးခံလိုက်ရပြီး ဘယ်သူဖြစ်တယ် ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။

ရန်ကုန်မြို့၊ လှည်းတန်းမှာ ဆန္ဒပြနေတဲ့ ပြည်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရပြီး ရဲတပ်ဖွဲ့ဟာ လှည်းတန်းဈေးအနီး လမ်းသွယ်တွေထဲအထိပါ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်နေပြီး ဈေးရောင်းချနေသူတွေ ကိုပါ ဖမ်းဆီးနေတာဖြစ်ပါတယ်။

လှည်းတန်းစင်တာ အနီးတစ်ဝိုက်နဲ့ လှည်းတန်း ခုံးတံတားအောက်နဲ့ မြေနီကုန်း တံတားအောက်တွေမှာ ရဲတပ်ဖွဲ့ဝင်တွေဟာ မနက် ၈ နာရီလောက်ထဲက နေရာယူထားကြတာဖြစ်ပါတယ်။

မြေနီကုန်း ခုံးတံတားမှာလည်း ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ် အကြမ်းဖမ်းဆီးနေပြီး မြေနီကုန်းတံတား၊ စမ်းချောင်းလမ်း၊ ဗားကရာလမ်းတွေထဲအထိ ဝင်ရောက် ဖမ်းဆီးနေတာဖြစ်ပြီး ဆန္ဒပြသူတွေ ၁၀ ဦးကျော် ဖမ်းဆီးခံထားရပါတယ်။

သတင်းမီဒီယာသမားတွေဟာလည်း နီးစပ်ရာအိမ်တွေမှာ ဝင်ရောက် ပုန်းရှောင်နေကြရပြီး မျက်ရည်ယိုဗုံး မိကာ နေရာမှာတင် ပိတ်မိနေကြပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/arrested-protestors-in-cities-and-media-also-02272021010810.html

မြို့ကြီးတွေမှာ ဆန္ဒပြသူတွေကို တစ်ပြိုင်နက် အကြမ်းဖက်ဖြိုခွဲ  မြို့ကြီးတွေမှာ ဆန္ဒပြသူတွေကို တစ်ပြိုင်နက် အကြမ်းဖက်ဖြိုခွဲ Reviewed by THITHTOOLWIN on 18:30 Rating: 5

No comments:

Powered by Blogger.