ကိုမင်းကိုနိုင်အပါအဝင် ၇ ဦးကို စစ်အစိုးရ ဖမ်းဝရမ်းထုတ်


၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အပါအဝင် ၇ ဦးကို စစ်အာဏာသိမ်း အစိုးရက ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဒီကနေ့မှာ ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။

ကိုမင်းကိုနိုင်နဲ့အတူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ ၊ မြန်မာနိုင်ငံလုံးဆိုင်ရာပြည်သူ့အချုပ်အခြာအာဏာကွန်ရက် မျိုးရန်နောင်သိန်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရံတော်လုပ်ခဲ့ဖူးတဲ့ အဆိုတော်လင်းလင်း ၊ လူမှုကွန်ရက်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး စာတွေရေးတဲ့ အိပန်ဆယ်လို၊ ကိုမောင်မောင်အေး၊ အင်းစိန်အောင်စိုးတို့ကိုလည်း ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ စစ်အာဏာသိမ်းအစိုးရက ကြေညာပါတယ်။

သူတို့တွေဟာ လူမှုကွန်ရက်စာမျက်နှာ Facebook အသုံးချပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လုပ်ဆောင်နေတယ်လို့ တပ်မတော်က စွပ်စွဲလိုက်ပါတယ်။

ကိုမင်းကိုနိုင် အပါအဝင် ၇ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲထားတယ်လို့ဆိုပါတယ်။

အခုဖမ်းဝရမ်းထုတ်ခံရသူတွေဟာ စစ်အာဏာသိမ်းအစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပြည်သူတွေ တက်တက်ကြွကြွ ပါဝင်ကြဖို့ လူမှုကွန်ရက်စာမျက်နှာ Facebook ကနေ တိုက်တွန်းနေသူတွေဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/min-ko-naing-military-coup-02132021062321.html

ကိုမင်းကိုနိုင်အပါအဝင် ၇ ဦးကို စစ်အစိုးရ ဖမ်းဝရမ်းထုတ်  ကိုမင်းကိုနိုင်အပါအဝင် ၇ ဦးကို စစ်အစိုးရ ဖမ်းဝရမ်းထုတ် Reviewed by THITHTOOLWIN on 19:04 Rating: 5

No comments:

Powered by Blogger.