နှစ်ငါးလုံးနေ့ မြို့ကြီးတွေမှာ စက်ရုံ၊ အလုပ်ရုံနဲ့ စျေးဆိုင်တွေ ပိတ်ထား

ရန်ကုန်မြို့က စစ်အာဏာဆန့်ကျင်ဆန္ဒပြပွဲမှာ ပါဝင်ဆင်နွှဲသူများ။ (ဖေဖော်ဝါရီ ၂၂၊ ၂၀၂၁)

မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကို နိုင်ငံတဝှမ်းလုံး သီတင်းပတ်နဲ့ချီ ကန့်ကွက်နေကြတာမှာ ၂ ငါးလုံးအထွေထွေ သပိတ်ဆင်နွှဲနေကြတဲ့ ဒီကနေ့မှာတော့ မြန်မာနိုင်ငံမြို့ကြီးတွေက စျေးဆိုင်တွေလည်း ပိတ်ထားကြပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်အပါအဝင် နိုင်ငံတဝှမ်းလုံးက စက်ရုံ၊ အလုပ်ရုံတွေရော၊ ကုန်စုံဆိုင်ကြီးတွေရော လမ်းဘေးက စျေးဆိုင်အသေးလေးတွေပါ ပိတ်ထားပါတယ်။ တချို့ဆိုင်တွေကတော့ အထွေထွေသပိတ်ကြီးမှာ ပူးပေါင်းပါဝင်တဲ့အနေနဲ့ ဆိုင်ပိတ်ထားတာဖြစ်တယ်လို့ ဆိုင်ရှေ့မှာ စာကပ်ထားကြပါတယ်။

"ကျနော်တို့ ဒီ ၂ ငါးလုံး အထွေထွေ သပိတ် စစ်ကြောင်းကို ပြည်လုံးကျွတ်လုပ်မယ်လို့ အကုန်လုံးက လုပ်ထားတာလေ။ ဒါကို နိုင်ငံသားတယောက်အနေနဲ့ ပါဝင်သင့်တယ်ပေါ့နော်။ ပါလည်းပါဝင်ရမယ်ဆိုတဲ့စိတ်နဲ့ပါ။ ဒါကြောင့်မို့လို့ ဒီနေ့အလုပ်ပိတ်ပြီးတော့ အခု သပိတ်မှာ ပါဝင်ဖြစ်တာပါဗျ။"

လုံခြုံရေးတပ်ဘက်က အကြမ်းဖက်နှိမ်နင်းမှုတွေကြောင့် ဆန္ဒပြပွဲတွေမှာ လူသေဆုံးတာတေ၊ အပြင်းအထန်ထိခိုက်ဒဏ်ရာရတာတွေ ရှိနေပေမဲ့လည်း CDM အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေကတော့ အရှိန်လျော့မသွားသလို ဆန္ဒပြပွဲတွေ ပိုပြီးတော့ အရှိန်ကောင်းလာပါတယ်။

ဌာနဆိုင်ရာဝန်ထမ်းတွေ အနေနဲ့ ရုံးပြန်တက်ဖို့ သက်ဆိုင်ရာဌာကနေ ထုတ်ပြန်နေတာတွေလည်း ရှိနေပါတယ်။ ဆန္ဒပြသူတွေအပေါ် လုံခြုံရေးတပ်ဘက်က အင်အားသုံးနှိမ်နင်းမှုတွေ ပိုတွေ့လာနေရပေမယ့် CDM လှုပ်ရှားမှုမှာ ပါဝင်လာသူ ပိုတိုးလာနေတာဖြစ်ပြီး အစိုးရဝန်ထမ်းတွေ၊ ဆေးဝန်ထမ်းတွေ၊ ကျောင်းဆရာ၊ ဆရာမတွေနဲ့ ရဟန်းသံဃာတော်တွေအပြင် နိုင်ငံတဝန်း လူတန်းစားပေါင်းစုံ၊ ဘာသာပေါင်းစုံ ပူးပေါင်း ပါဝင်လာနေကြပါတယ်။

ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက် နှိမ်နင်းတာ၊ အတင်းအကြပ်ဖမ်းဆီးသွားတဲ့ ဗွီဒီယိုတွေလည်း လူမှုစာမျက်နှာတွေမှာ တွေ့နေရပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ရွေးကောက်ခံအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အတင်းအကြပ်ရယူခဲ့တာကို ကန့်ကွက်နေကြတဲ့ ဆန္ဒပြသူတွေက ရွေးကောက်ခံအစိုးရဆီ အာဏာပြန်လွှဲပေးဖို့၊ ဖမ်းဆီးထားသူအားလုံးပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-military-coup-protest-all-shops-closed/5787713.html

နှစ်ငါးလုံးနေ့ မြို့ကြီးတွေမှာ စက်ရုံ၊ အလုပ်ရုံနဲ့ စျေးဆိုင်တွေ ပိတ်ထား နှစ်ငါးလုံးနေ့ မြို့ကြီးတွေမှာ စက်ရုံ၊ အလုပ်ရုံနဲ့ စျေးဆိုင်တွေ ပိတ်ထား Reviewed by THITHTOOLWIN on 00:10 Rating: 5

No comments:

Powered by Blogger.