နေပြည်တော်မှာ ရဲအရာရှိတစ်ဦး ဆန္ဒပြသူများနဲ့ ပူးပေါင်း


နေပြည်တော်မှာ စစ်အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြနေသူတွေနဲ့အတူ ရဲအရာရှိတစ်ဦး ပူးပေါင်း ပါဝင်လာပါတယ်။ စစ်တပ်ရုံးချုပ် ရှိတဲ့ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်မှာ စစ်အာဏာသိမ်း ဆန့်ကျင်မှုတွေ တောက်လျှောက်ရှိနေပြီး ဒီနေ့မနက်ပိုင်းမှာ ဆန္ဒပြလူအုပ်ကို ရဲတပ်ဖွဲ့က ရေပိုက်တွေနဲ့ထိုးပက်ပြီး လူစုခွဲဖို့ ကြိုးပမ်းခဲ့ပါတယ်။ 

ဒါပေမဲ့ ဒီနေ့ မွန်းလွဲပိုင်းအထိ လူအုပ်က ပိုများလာနေပြီး အခုအခါ ဆန္ဒပြသူတွေနဲ့အတူ ရဲတပ်ဖွဲ့အရာရှိတစ်ဦး ပူးပေါင်းလာတာကို တွေ့ရတာ ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-55990512

နေပြည်တော်မှာ ရဲအရာရှိတစ်ဦး ဆန္ဒပြသူများနဲ့ ပူးပေါင်း  နေပြည်တော်မှာ ရဲအရာရှိတစ်ဦး ဆန္ဒပြသူများနဲ့ ပူးပေါင်း Reviewed by THITHTOOLWIN on 19:53 Rating: 5

No comments:

Powered by Blogger.