ပုသိမ်မှာ ဖြိုခွင်းဖို့ ကြိုးစားတဲ့ ရဲတပ်ဖွဲ့ကို ရှောင်ကွင်းပြီး ဆန္ဒပြ


ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဖေ‌ဖော်ဝါရီ ၂၇ ရက် ဒီနေ့မနက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ က အင်အားသုံးဖြိုခွင်းဖို့ ကြိုးစားခဲ့ပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ၂၁ ရက်မြောက်နေ့မှာ ဆန္ဒပြသူတွေ စတင်စုဝေးတဲ့ နေရာ အနီးက အမှတ် ၂၄ အခြေခံပညာ မူလတန်းကျောင်းရှေ့မှာ ရဲတပ်ဖွဲ့ဝင်တွေက ဖြိုခွင်းဖို့ ရေကားတွေ ပြင်ဆင်ခဲ့တာပါ။

ဆန္ဒပြသူတွေက ဖြိုခွင်းဖို့ ကြိုးစားတဲ့ ရဲတပ်ဖွဲ့ ကို ရှောင်ကွင်းပြီး ဆန္ဒပြခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့ က မြို့လယ်ပိုင်းကို မဝင်အောင် ပိတ်ထားပြီး ဖြိုခွင်းဖို့ ကြိုးစားခဲ့တာပါ။ ပိတ်ဆို့ခံရတဲ့ ဆန္ဒပြသူတွေက‌ မြို့လယ်ကို မဝင်တော့ဘဲ  အမှတ် ၇ ရပ်ကွက် နဲ့ အမှတ် ၈ ရပ်ကွက်တွေက ရပ်ကွက်တွင်းလမ်းတွေကို လှည့်လည်ဆန္ဒပြခဲ့တာပါ။ 









RFA Burmese

https://www.facebook.com/rfaburmese

ပုသိမ်မှာ ဖြိုခွင်းဖို့ ကြိုးစားတဲ့ ရဲတပ်ဖွဲ့ကို ရှောင်ကွင်းပြီး ဆန္ဒပြ ပုသိမ်မှာ ဖြိုခွင်းဖို့ ကြိုးစားတဲ့ ရဲတပ်ဖွဲ့ကို ရှောင်ကွင်းပြီး ဆန္ဒပြ Reviewed by THITHTOOLWIN on 10:55 Rating: 5

No comments:

Powered by Blogger.