နေပြည်တော် ပစ်ခတ်လူစုခွဲမှု နောက်ဆုံးအခြေအနေ

သေနတ်ဒဏ်ရာရသူတစ်ဦးကို ပြုစုနေစဉ်

နေပြည်တော် သပြေကုန်းအဝိုင်းအနီးက စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြနေတဲ့သူတွေကို ရဲတပ်ဖွဲ့က ဒီနေ့ မွန်းလွဲ ၁ နာရီခန့်မှာ သေနတ်နဲ့ပစ်ခတ်ပြီး လူစုခွဲလိုက်ပါတယ်။

ရဲတပ်ဖွဲ့ဟာ အစပိုင်းက ရာဘာကျည်တွေနဲ့ပစ်ခတ်ခဲ့ပြီး နောက်ပိုင်းမှာ ကျည်အစစ်နဲ့ ပစ်ခတ်တာလည်း ရှိနိုင်တယ်လို့ ဒဏ်ရာရသူတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေက ဘီဘီစီကို ပြောပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်လူစုခွဲမှုကြောင့် ဒဏ်ရာရသူ ၇ ဦးခန့်ရှိပြီး နှစ်ဦးက စိုးရိမ်ရတယ်လို့ ဘီဘီစီက စုံစမ်းသိရပါတယ်။ ဒဏ်ရာရရှိသူစာရင်း အတိအကျကိုတော့ ဘီဘီစီက စုံစမ်းနေဆဲဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်လို့ ကျည်ထိမှန်သူတွေထဲမှာ သတင်းထောက်တစ်ဦး ပါဝင်သလို အသက် ၂၀ အရွယ် တက္ကသိုလ် ကျောင်းသားတစ်ဦးလည်း ပါဝင်ပါတယ်။ ဒါ့အပြင် မနက်ပိုင်းကလည်း ရဲတပ်ဖွဲ့က ဆန္ဒပြသူနေတဲ့သူတွေကို ရေပိုက် (Water canons) နဲ့ ထိုးပက်ခဲ့တဲ့အတွက် ဆန္ဒပြသူ လေးဦးထက်မနည်း ဒဏ်ရာ ရခဲ့တာကိုလည်း ဘီဘီစီက မြင်တွေ့ခဲ့ရပါတယ်။ ဒီကနေ့ နေပြည်တော်က ဆန္ဒပြပွဲကို မူးယစ်တပ်ဖွဲ့ဝင် ရဲအုပ်တစ်ဦး လာရောက် ပူးပေါင်း ပါဝင်ခဲ့သလို ရှေ့နေတွေ၊ ကျောင်းဆရာ ဆရာမတွေနဲ့ဝန်ထမ်းတွေ၊ ဒေသခံတွေ ပါဝင်လာတာ တွေ့ရပြီး မနေ့ကထက် လူဦးရေ ပိုများတာ တွေ့ရပါတယ်။ ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ဖြိုခွဲလိုက်ပြီးတဲ့နောက်မှာတော့ဆန္ဒပြတဲ့သူတွေ လူစုကွဲသွားခဲ့ပါတယ်။

သေနတ်ဒဏ်ရာရသူတစ်ဦး



BBC Burmese

https://www.bbc.com/burmese/live/burma-55990512

နေပြည်တော် ပစ်ခတ်လူစုခွဲမှု နောက်ဆုံးအခြေအနေ  နေပြည်တော် ပစ်ခတ်လူစုခွဲမှု နောက်ဆုံးအခြေအနေ Reviewed by THITHTOOLWIN on 20:02 Rating: 5

No comments:

Powered by Blogger.