![]() |
လူ့အခွင့်အရေး အခြေအနေကို စောင့်ကြည့်နိုင်ဖို့ နိုင်ငံတကာ တောင်းဆိုလာဖွယ်ရှိ |
မြန်မာနိုင်ငံထဲစစ်အာဏာသိမ်းခံလိုက်ရတဲ့ဖြစ်ရပ်အပေါ်ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာအထူးညီလာခံတစ်ရပ်ဒီကနေ့ကျင်းပဖို့စီစဥ်ထားပါတယ်။
မြန်မာအရေးဆုံးဖြတ်ချက်ထွက်ပေါ်လာဖို့လူ့အခွင့်အရေးကောင်စီအဖွဲ့၀င်နိုင်ငံတွေလုပ်ဆောင်ကြမှာဖြစ်ပါတယ်။
- အမေရိကန်ရဲ့ စစ်ခေါင်းဆောင်တွေကို ပိတ်ဆို့မှု ထိရောက်နိုင်မလား
- အနုပညာရှင်တွေ ပါဝင်လာတဲ့ လက်သုံးချောင်းထောင် ဆန္ဒပြမှု
ဗြိတိန်နဲ့အီးယူတို့ရေးဆွဲထားတဲ့ဆုံးဖြတ်ချက်မူကြမ်းထဲအာဏာသိမ်းမြန်မာစစ်ခေါင်းဆောင်တွေကိုပြစ်တင်ရှုတ်ချထားပြီး၊နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတကြီးဦး၀င်းမြင့်အပါအ၀င်ရွေးကောက်ခံအစိုးရခေါင်းဆောင်တွေကိုအမြန်ပြန်လွှတ်ဖို့တောင်းဆိုထားပါတယ်။
ဒါ့အပြင်မြန်မာနိုင်ငံထဲကလူ့အခွင့်အရေးအခြေအနေတွေကိုလည်းနိုင်ငံတကာအနေနဲ့လေ့လာစောင့်ကြည့်ခွင့်ရဖို့အဲဒီမူကြမ်းထဲတောင်းဆိုထားပါတယ်။
တခါ၊နိုင်ငံတကာဖွံ့ဖြိုးရေးအတွက်ထောက်ပံ့ကူညီနေတဲ့ USAIDလို့ခေါ်တဲ့အမေရိကန်အစိုးရဌာနကသူတို့အနေနဲ့မြန်မာပြည်အတွက်သတ်မှတ်ထားတဲ့ဒေါ်လာ၄၂.၂သန်းဖိုးပမာဏရှိတဲ့လုပ်ငန်းအစီအစဥ်တွေရုပ်သိမ်းလိုက်ပြီလို့ကြေညာပါတယ်။
အဲဒီလုပ်ငန်းတွေကနေတဆင့်မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်တွေမလျော်မကန်သုံးစွဲပြီးအကျိုးရှိသွားမှာကိုစိုးရိမ်တဲ့အတွက်လို့ဆိုပါတယ်။
ဒါဟာ၊မြန်မာစစ်ခေါင်းဆောင်တွေ၊သူတို့ရဲ့မိသားစု၀င်တွေနဲ့သူတို့ရဲ့အကျိုးစီပွားတွေကိုပစ်မှတ်ထားတဲ့အရေးယူပိတ်ဆို့မှုအသစ်တွေချမှတ်ကြောင်း၊အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကကြေညာပြီးချက်ခြင်းဆိုသလိုပဲသက်ဆိုင်ရာအမေရိကန်အစိုးရဌာနဘက်ကလက်တွေ့ဆောင်ရွက်လာတာဖြစ်ပါတယ်။
![]() |
မြန်မာစစ်ခေါင်းဆောင်တွေ၊ သူတို့ရဲ့မိသားစု၀င်တွေနဲ့ သူတို့ရဲ့အကျိုးစီးပွားတွေအပေါ် ပစ်မှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုအသစ်တွေအမေရိကန် ချမှတ် |
BBC Burmese

No comments:
Post a Comment