ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီ ဖွဲ့စည်း

ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီ ဖွဲ့စည်း တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ၂၀၂၁၊ ဖေဖော်ဝါရီ ၈ ရက်နေ့က အွန်လိုင်းက ကျင်းပစဉ် / ဓာတ်ပုံ - ဦးသိမ်းဆွေ - facebook

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ တိုင်ဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တွေက ဖေဖော်ဝါရီလ ၈ ရက်နေ့ မနေ့က အွန်လိုင်း ကနေ ကျင်းပခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီကို ကိုယ်စားလှယ် ၁၁ ဦးနဲ့ ဖွဲ့စည်းလိုက်ပါတယ်။

တိုင်းဒေသကြီးလွှတ်တော်ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ကျင်းပခဲ့တာဖြစ်ပြီး တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေက ကျမ်းသစ္စာကျန်ဆိုခဲ့တာမို့ အစည်းအဝေးအထမြောက်အောင်မြင်ခဲ့တယ်လို့ ဖျာပုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ရဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းဆွေ က သူရဲ့ လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

လွှတ်တော် ကိုယ်စားလှယ်တာဝန် ကျေပွန်ဖို့၊ နိုင်ငံတော် သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ဖမ်းဆီးခံထားရသူတွေ အမြန်ဆုံးလွတ်မြောက်ဖို့၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရဲ့ ပုံမှန်လုပ်ငန်းများ လုပ်ကိုင်နိုင်ဖို့နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ လုပ်ပိုင်ခွင့်အာဏာထဲကနေ ဆောင်ရွက်သင့်တာတွေကို ဆောင်ရွက်နိုင်ဖို့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီကို ဖွဲ့စည်းတာလို့ ဆိုပါတယ်။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြု ကော်မတီအနေနဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) နဲ့ တခြား တိုင်းနဲ့ ပြည်နယ် ကိုယ်စားပြုလွှတ်တော် ကော်မတီတွေနဲ့ ပူးပေါင်း ဆောင်ရွက် သွားမယ့် တရားဝင် အဖွဲ့အစည်းဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုင်းနဲ့ပြည်နယ်အများအပြားမှာ လွှတ်တော်ကိုယ်စားလှယ်ပြုကော်မတီတွေ ဖွဲ့စည်းပြီးဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/irrawaddy-hluttaw-representative-committee-formed-02092021064623.html

ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီ ဖွဲ့စည်း  ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီ ဖွဲ့စည်း Reviewed by THITHTOOLWIN on 19:49 Rating: 5

No comments:

Powered by Blogger.