မော်လမြိုင်တက္ကသိုလ် သပိတ်စစ်ကြောင်း ဖြိုခွဲခံရပြီး ကျောင်းသား ၄ဦးအဖမ်းခံရ

 


မော်လမြိုင်တက္ကသိုလ်ကကျောင်းသား‌၊ ဆရာ ဆရာမနဲ့ ဌာနဆိုင်ရာအင်အား ၁၀၀၀နီးပါးကို ရဲအင်အား ၂၀၀ ကျော်နဲ့ ဖြိုခွင်းခဲ့တယ်လို့ သိရပါတယ်။

သပိတ်စစ်ကြောင်း စထွက်ပြီး ကိုက် ၅၀ လောက်အကွာ တက္ကသိုလ်ပရဝဏ်အထွက်မှာ ရဲတွေက တားဆီးခဲ့တာဖြစ်ပြီး သပိတ်စစ်ကြောင်းစထွက်ထွက်ချင်း ဒီနေ့ နံနက် ၉ နာရီ ၄၅မိန‌စ်လောက်မှာ ဖြိုခွင်းခံရပြီး ‌ကျောင်းသား (၄)ဦးဖမ်းခံရတယ်လို့လည်း ပါဝင်တဲ့ကျောင်းသားတစ်ဦးကပြောပါတယ်။

"ညှိနှိုင်းမယ်လို့ ထင်ခဲ့တာဗျ။ ကျောင်းသားခေါင်းဆောင်တွေ ခဏလာဦးဆိုပြီး ညှိနှိုင်းသလို ခေါ်တာ။ ပြီးတော့ကျ ကျောင်းသားတွေကို ဖမ်းဆီးပြီး ဖြိုခွင်းခဲ့တယ်‌။ ကျွန်တော်ကတော့ ရှောင်လိုက်နိုင်တယ်" လို့ မော်လမြိုင်တက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုမင်းသံစဉ်ဦးက ဘီဘီစီကို ပြောပြပါတယ်။

သပိတ်လမ်းကြောင်းမှာ ပါဝင်တဲ့ မော်တော်ယာဉ်ကိုလည်း ရဲတွေက ကိုယ်တိုင်မောင်း ယူသွားတယ်လို့ သူကဆိုပါတယ်။ ယခုဖြစ်စဉ်ဟာ မော်လမြိုင်တက္ကသိုလ်သပိတ်စစ်ကြောင်းရဲ့ တတိယမြောက်နေ့မှာ ဖြိုခွင်းခံရတာဖြစ်ပြီး ရှေ့ရက်တွေမှာလည်း အရပ်ဝတ်ရဲတွေကညဘက်မှာ ကျောင်းသား သမဂ္ဂရုံးခန်းဝရောက်ရှာဖွေတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။




BBC Burmese

https://www.bbc.com/burmese/live/burma-55990515

မော်လမြိုင်တက္ကသိုလ် သပိတ်စစ်ကြောင်း ဖြိုခွဲခံရပြီး ကျောင်းသား ၄ဦးအဖမ်းခံရ  မော်လမြိုင်တက္ကသိုလ် သပိတ်စစ်ကြောင်း ဖြိုခွဲခံရပြီး ကျောင်းသား ၄ဦးအဖမ်းခံရ Reviewed by THITHTOOLWIN on 19:03 Rating: 5

No comments:

Powered by Blogger.