သံအမတ်ကြီး ဦးကျော်မိုးထွန်း ရပ်တည်ချက်အပေါ် မြန်မာ့အရေး လှုပ်ရှားသူတွေအမြင်

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအနေနဲ့ စစ်အာဏာသိမ်းမူကို ဆန့်ကျင်ပြီး၊ CDM မပူးပေါင်းမဆောင်ရွက်ရေးလူပ်ရှားမူကိုထောက်ခံခဲ့တာက၊ သံတမန်ရေးမှာ လူထုရဲ့အောင်မြင်မူအစနဲ့ စစ်အုပ်စုရဲ့ကျဆုံးမူနိဒါန်း ဖြစ်တယ်လို့ သုံးသပ်နေပါတယ်။

နောက်ပိုင်းဘာတွေဆက်မျှော်လင့်ထားတာကို ရွေးကောက်ပွဲ အနိုင်ရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမူဆောင်အဖွဲ့ဝင်၊ နောက် လက်ရှိ Generation Z မျိးဆက်သစ်ကျောင်းသားခေါင်းဆောင်တဦးနဲ့ အခုလှုပ်ရှားမူမှာပါဝင်နေတဲ့ ၁၉၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးကို ကိုဝင်းမင်းက မေးထားပါတယ်။

NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က -

" ကျနော်တို့က ဒါကို ကြိုဆိုထောက်ခံတယ်ပေါ့ ။ ဘာလို့ဆို သူ့ရဲ့ စွန့်လွှတ် ဆောင်ရွက်မှုအတွက် ကျေးဇူးတင်တယ်။ ဒါက ပြည်သူတရပ်လုံးဘက်က ရပ်တည်လိုက်တာပဲ။ အင်မတန် ထိရောက်ပါတယ်။ ဒါမျိုးက အင်မတန် ဖြစ်တောင့်ဖြစ်ခဲပါ။ စစ်အုပ်စု လူတစုက ဘယ်လောက်ထိ ဒုက္ခပေးနေသလဲ၊ ပြည်သူတွေက မိမိတို့ဆန္ဒကို ထုတ်ဖေါ်ပြသနေတဲ့ အပေါ်မှာ ကမ္ဘာသိအောင် ပြောပြလိုက်နိုင်တာက သူ့အပေါ်မှာလည်း လေးစားကြည်ညိုစရာ ကောင်းသလို၊ အများကြီး ထိရောက်တာပေါ့။ အခုတော့ စစ်ကောင်စီက သူ့ကို အလုပ်ကနေ ရပ်နားလိုက်တယ်လို့တော့ ပြောတယ်။ တကယ်တန်းကျတော့ ဒီနေ့ ကမ္ဘာပေါ်မှာ အဲဒီ စစ်ကောင်စီကို အစိုးရအဖြစ် ဘယ်နိုင်ငံကမှ အသိမှတ်ပြုမထားသေးဘူး။ "

ဒီအပေါ်မှာ ရန်ကုန် ဆေးတက္ကသိုလ်(၂) ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုဥက္ကာမြတ်ကလည်း -

" မနေ့က ကျနော်တို့ Live ကို ကြည့်ခဲ့တာပေါ့။ ဒီမြန်မာသံအမတ် အလှည့်ရောက်တော့ ကျနော်တို့က အဲလောက်ကြီးထိ ထင်မထားဘူးပေါ့နော်။ ဒါပေမဲ့ ပြောတဲ့ဟာတွေ အကုန်ုလုံးက စိတ်ခံစားမှု တော်တော်ပါတယ်ဗျာ။ နောက်ဆုံးမှာ အရေးတော်ပုံ .. အောင်ရမည်ဆိုပြီး လက်သုံးချောင်းထောင်ပြပြီး သူပြောလိုက်တဲ့ အချိန်မှာ ကျနော်တို့ တော်တော်ဝမ်းသာတယ်၊ မျက်ရည်ပါကျရတဲ့အထိ ဖြစ်တယ်။ မြန်မာနိုင်ငံသား ကျနော်တို့အကုန်လုံးအတွက် အားအင်ဖြစ်စေတယ်။ ဒီတလအတွင်းမှာ ဒီအဆင့်လောက်ထိ ကျနော်တို့ ရောက်လာတယ်ဆိုတာက ကျနော်တို့ရဲ့အောင်မြင်မှုပဲပေါ့။ "

ဒါ့အပြင် ၈၈၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်လည်းဖြစ် ၊ လက်ရှိ စစ်အုပ်ချုပ်ရေး ကောင်စီက ဖမ်းဝရမ်းထုတ်ထားတဲ့ ကိုဂျင်မီက -

" ပြည်သူဘက်က ရပ်တည်လိုက်တဲ့အတွက် ကျနော်တို့ တနိုင်ငံလုံး အားတက်ရပါတယ်။ နောက်ပြီး စစ်ကောင်စီရဲ့ သံတမန်ရေးက လုံးဝ ကျဆုံးမှုရဲ့အစဖြစ်သလို၊ စစ်ကောင်စီရဲ့ ဘယ်လိုမှ နလန်မထူနိုင် တော့တဲ့ အခြေအနေတခုကို ရောက်အောင် ကျနော်တို့ တွန်းပို့သ ွားမှာဖြစ်ပါတယ်။ ဒီ CRPH လှုပ်ရှားမှုနဲ့အတူ အင်မတန်မှ အရေးပါတဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ်တယောက်ကနေပြီးတော့ ခုလို ပြတ်ပြတ်သားသား ရပ်တည်လိုက်တဲ့ကိစ္စက အများကြီး ထိရောက်သ ွားတယ်။ လွန်ခဲ့တဲ့ နှစ်(၃၀)နဲ့ မတူအောင်ကို ကျနော်တို့က မြန်မြန်ဆန်ဆန်နဲ့ လုပ်နိုင်မယ့်အရာတွေ အများကြီးရှိလာတဲ့သဘောပါပဲ။"

အဲဒီတော့ နောက်ထပ် ဘာတွေဖြစ်လာဖို့ တောင်းဆိုမျှော်လင့်ပါသလဲလို့ မေးရာမှာ ကိုဥက္ကာမြတ်က -

" ဒါက အကြီးဆုံး CDM ပဲ။ သံအမတ်တွေထဲမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက စစ်အစိုးရကို အာခံပြီး ကျနော်တို့ ပြည်သူတွေဘက်ရပ်တယ်။ အဲဒီလိုမျိုးပဲ ကျန်တဲ့ သံအမတ်တွေလည်း အချိန်မီ ပြည်သူဘက်ရပ်ပေးကြဖို့ တောင်းဆိုပါတယ်။ CRPH ရဲ့တရားဝင်မှုကို ဆက်မြှင့်ပြီးတော့မှ နိုင်ငံတကာဖိအားတွေ မြန်မြန်ရဖို့ လိုတယ်။ ရက်ကြာသွားရင် ပြည်သူတွေ အထိအခိုက်ပိုများလာမှာ စိုးတယ်။"

ကိုဂျင်မီကလည်း ကျန်တဲ့သံရုံးတွေ အနေနဲ့ CDM လုပ်ကြဖို့ တောင်းဆိုလိုက်ပါတယ်။

" ကျန်တဲ့နိုင်ငံ သံအမတ်ကြီးတွေကလည်း ပြည်သူ့အခွန်ဘဏ္ဍာနဲ့ တည်ဆောက်ထားတဲ့ အဲဒီသံရုံးတွေ အပေါ်မှာ သစ္စာရှိဖို့ပဲ ကျနော်တို့ တိုက်တွန်းချင်တယ်။ အာဏာသိမ်း စစ်ကောင်စီက အလုပ်ဖြုတ်တာတွေ ဘာတွေက ဘာမှ တရားမဝင်ဘူး။ သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ သံအရာရှိအားလုံးရဲ့ အချုပ်လည်း ဖြစ်လာနိုင်တယ်။ ကျနော်တို့ CRPH က ရှေ့တိုးဆောင်ရွက်မယ့်ကိစ္စ တွေလည်း အများကြီးရှိလာမှာ။ "

၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ အစိုးရအပေါ် ဒီတခေါက် စစ်အာဏာသိမ်းလိုက်တာက လက်ရှိမျိုးဆက်သစ်တွေရဲ့ လှုပ်ရှားမှုမှာ အရင်ကမျိုးဆက်တွေအပြင် နိုင်ငံတကာကပါ ပိုပြီး ထောက်ခံလာနေပါတယ်။


၀င်းမင်း/ VOA Burmese

https://burmese.voanews.com/a/reax-on-kyawmoetun-stance/5795766.html

သံအမတ်ကြီး ဦးကျော်မိုးထွန်း ရပ်တည်ချက်အပေါ် မြန်မာ့အရေး လှုပ်ရှားသူတွေအမြင် သံအမတ်ကြီး ဦးကျော်မိုးထွန်း ရပ်တည်ချက်အပေါ် မြန်မာ့အရေး လှုပ်ရှားသူတွေအမြင် Reviewed by THITHTOOLWIN on 21:37 Rating: 5

No comments:

Powered by Blogger.