နေပြည်တော် ဆန္ဒပြပွဲ ရာဘာကျည်နဲ့ ပစ်ခတ်ဖြိုခွဲခံရလို့ ငါးယောက်ဒဏ်ရာရ

နေပြည်တော် ဆန္ဒပြပွဲ ရာဘာကျည်နဲ့ ပစ်ခတ်ဖြိုခွဲခံရလို့ ငါးယောက်ဒဏ်ရာရ နေပြည်တော် သပြေကုန်းအဝိုင်းမှာ လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ကို ၂၀၂၁၊ ဖေဖော်ဝါရီ ၉ ရက်နေ့က တွေ့ရစဉ် / Photo: RFA

နေပြည်တော်မြို့လယ် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ရှိရာ သပြေကုန်းအဝိုင်းမှာ ဒီကနေ့ နေ့လယ် ၁၂ နာရီခွဲ ခန့်က လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့က သောင်းနဲ့ချီတဲ့ ဆန္ဒပြလူအုပ်ကို လူစုခွဲတဲ့အနေနဲ့ ရာဘာကျည်နဲ့ အချက်ပေါင်းများစွာ ဘေးတိုက်ရှပ်ပစ်သလို မိုးပေါ်ထောင်ပြီး အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့တာကြောင့် ဆန္ဒပြသူတွေထဲက ငါးယောက် ဒဏ်ရာရခဲ့ပါတယ်။

ဒီကနေ့ စစ်အာဏာသိမ်း ၉ ရက်မြောက်နေ့ နေပြည်တော်မှာ ပြည်သူလူထုနဲ့ ဝန်ထမ်းပေါင်းစုံ စုပေါင်း သပိတ်ကြီး ဆင်နွှဲခဲ့ပြီး ဒေသခံ ဒုရဲအုပ်တစ်ယောက်ပါ ဆန္ဒပြပြည်သူတွေနဲ့ ပူးပေါင်းခဲ့တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေက အဲဒီဒုရဲအုပ်ကို ချက်ချင်းဖမ်းဆီးဖို့ ကြိုးစားရာမှာ ဆန္ဒပြလူအုပ်ကြီးက ဆန္ဒပြပွဲမှာပါဝင်တဲ့ ဒုရဲအုပ်ကို ကာကွယ်ပေးရာကနေ အခြေအနေတွေ ဝရုန်းသုန်းကား ဖြစ်ခဲ့ပါတယ်။

အဲဒီလိုဖြစ်ချိန်မှာ ရဲတပ်ဖွဲ့က လူထုကို ခြောက်လှန့်တဲ့အနေနဲ့ အချက်ပေါင်းများစွာ ဘေးတိုက် ရှပ်ပစ်သလို မိုးပေါ်ထောင်ပစ်ခဲ့ပါတယ်။

အခင်းဖြစ်ရာအနီး နေထိုင်သူတစ်ဦးက သူ့ရဲ့နေအိမ်ကနေ သေနတ်ပစ်သံ အချက်ပေါင်း ၆၀ ကျော် ကြားရတယ်လို့ RFA ကို ပြောပါတယ်။

ပစ်ခတ်ဖြိုခွဲမှုကြောင့် သပြေကုန်းအဝိုင်းမှာ စုပြုံဆန္ဒပြနေတဲ့သူအားလုံး ဆိုင်ကယ်တွေ၊ ကားတွေနဲ့ နီးစပ်ရာ လမ်းတွေဘက် ကသောင်းကနင်း ထွက်ပြေးပြန်ထွက်လာတာကို မြင်တွေ့ရပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/npt-protesters-dispersed-by-rubber-gun-02092021023018.html

နေပြည်တော် ဆန္ဒပြပွဲ ရာဘာကျည်နဲ့ ပစ်ခတ်ဖြိုခွဲခံရလို့ ငါးယောက်ဒဏ်ရာရ  နေပြည်တော် ဆန္ဒပြပွဲ ရာဘာကျည်နဲ့ ပစ်ခတ်ဖြိုခွဲခံရလို့ ငါးယောက်ဒဏ်ရာရ Reviewed by THITHTOOLWIN on 18:48 Rating: 5

No comments:

Powered by Blogger.