TNLA ဖမ်းထားတဲ့ မုန့်တိုက်ပိုင်ရှင်ကို လွှတ်ပေးဖို့ မိသားစုတောင်းဆို

TNLA ဖမ်းထားတဲ့ မုန့်တိုက်ပိုင်ရှင်ကို လွှတ်ပေးဖို့ မိသားစုတောင်းဆို စံပြ မုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်း ရဲ့ ညီဖြစ်သူ ဦးကျော်လင်း က ၂၀၂၁၊ ဇန်နဝါရီ ၉ ရက် ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ် / ဓာတ်ပုံ - သန့်ဇင်ဦး/ RFA

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ဖမ်းဆီးထားတဲ့ မိုးကုတ်မြို့က စံပြ မုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဦးကျော်ဝင်းရဲ့ညီဖြစ်သူ ဦးကျော်လင်းက ဇန်နဝါရီလ ၉ ရက် ဒီကနေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး တောင်းဆိုလိုက်ပါတယ်။

ဦးကျော်ဝင်းကို ဒီဇင်ဘာလ ၄ ရက်နေ့က မိုးကုတ်မြို့၊ အောင်ချမ်းသာဈေးအနီးမှာ TNLA အဖွဲ့က ဖမ်းသွားတာပါ။

မိသားစုက TNLA ဘက်ကို ဆက်သွယ်လို့မရသေးသလို TNLA ဘက်က ဆက်သွယ်လာတာလည်း မရှိသေးတဲ့အတွက် ကျန်းမာရေးမကောင်းတဲ့ အကိုဖြစ်သူအတွက် စိုးရိမ်တာကြောင့် အမြန်ဆုံး ပြန်လွှတ် ပေးစေချင်တယ်လို့ ဦးကျော်လင်းက ပြောပါတယ်။

TNLA အဖွဲ့ဟာ မိုးကုတ်မြို့က ကျောက်ကုန်သည်တွေနဲ့ လုပ်ငန်းရှင်တွေကို ၂၀၁၆ ခုနှစ်ကတည်းက အခွန်ငွေ တောင်းခံနေတာဖြစ်ပြီး ဦးကျော်ဝင်း က ၂၀၁၈ ခုနစ်မှာ ထပ်မံတောင်းခံတဲ့အထိ ပူးပေါင်း မပါဝင်ခဲ့လို့ ခေါ်ယူညှိနှိုင်းနေတာလို့ TNLA ဘက်က ပြောထားပါတယ်။

ဦးကျော်ဝင်း အမြန်ဆုံးလွတ်မြောက်ရေး ကူညီပေးနိုင်ဖို့ UWSA ဝ အဖွဲ့ဦးဆောင်ပါဝင်တဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC ဆီကိုလည်း ဇန်နဝါရီလဆန်းပိုင်းမှာ စာပေးပို့ပြီး မေတ္တာရပ် ခံထားတယ်လို့ ဦးကျော်လင်းက ပြောပါတယ်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က လုပ် ငန်းရှင်တချို့ကို ဖမ်းဆီးရိုက်နှက်၊ ငွေတောင်းခံနေတာတွေ ရပ်တန့်ဖို့ လူ့အခွင့်အရေးနဲ့ တရားမျှတမှု စွမ်းဆောင်ရှင်များအဖွဲ့က ဦးဆောင်ပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့က မိုးကုတ်မြို့အရှေ့ပိုင်း ကန်ပတ်လမ်း မုံကွင်းမှာ ဆန္ဒပြဖို့ စီစဉ်ခဲ့ပေမယ့် ကိုဗစ်ကပ်ဘေးကြောင့်ဆိုပြီး မန္တလေးတိုင်းအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက် မပေးခဲ့ပါဘူး။


RFA Burmese

https://www.rfa.org/burmese/news/sp-family-request-tnla-to-free-ukyawwin-01092021043228.html

TNLA ဖမ်းထားတဲ့ မုန့်တိုက်ပိုင်ရှင်ကို လွှတ်ပေးဖို့ မိသားစုတောင်းဆို  TNLA ဖမ်းထားတဲ့ မုန့်တိုက်ပိုင်ရှင်ကို လွှတ်ပေးဖို့ မိသားစုတောင်းဆို Reviewed by THITHTOOLWIN on 00:33 Rating: 5

No comments:

Powered by Blogger.