ကိုဗစ်တားဆီးရေးအတွက် Pfizer-BioNTech ထိုးဆေးကို WHO အရေးပေါ်ခွင့်ပြုလိုက်ပြီ

Pfizer-BioNTech ကာကွယ်ဆေး

ကမ္ဘာတလွှားက နိုင်ငံအသီးသီးကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အမြန်ဖြန့်ဝေပေး နိုင်ဖို့အတွက် ရည်ရွယ်ပြီး WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကြာသပတေးနေ့မှာ Pfizer-BioNTech ထုတ် ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုခွင့် ချပေးလိုက်ပါတယ်။

မနှစ်က တရုတ်နိုင်ငံက စတင်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဖြစ်ပွါးချိန်ကစပြီး အမေရိကန်နဲ့ ဂျာမဏီ ပူူးတွဲထုတ်လုပ်တဲ့ ဒီဆေးဟာ အရေးပေါ်အသုံးပြုခွင့် ပထမဆုံး ရခဲ့တာ ဖြစ်ကြောင်း WHO ကပြောပါတယ်။

အခုလို လုပ်ဆောင်တာဟာ ကမ္ဘာတလွှား COVID-19 ကာကွယ်ဆေး ဖြန့်ဝေပေးနိုင်ရေးအတွက် အပြုသဘောဆောင်တဲ့ ခြေလှမ်းတရပ်ဖြစ်ကြောင်းနဲ့ ဒီကာကွယ်ဆေးကို ကမ္ဘာတလွှားက ဦးစားပေးပြီး ထိုးပေးဖို့ လိုအပ်သူတွေဆီ လုံလုံလောက်လောက် ရအောင် လုပ်ဖို့ လိုအပ်ကြောင်း WHO ရဲ့ ကာကွယ်ဆေး လက်လှမ်းမှီရေး လုပ်ဆောင်နေတဲ့ ထိပ်တန်းအရာရှိ Mariangela Simao က ပြောပါတယ်။

ဒီကာကွယ်ဆေးကို အရေးပေါ်သုံးခွင့် အခုလို ချပေးလိုက်တာကြောင့် နိုင်ငံအသီးသီးက စည်းမျဉ်းစည်းကမ်း ချမှတ်ရေး ဆိုင်ရာတာဝန်ရှိသူတွေအတွက်ပါ ဆေးတင်သွင်းခွင့်နဲ့ ဖြန့်ဝေခွင့်တွေ နဲ့ပတ်သက်တဲ့ လုပ်ငန်းတွေလုပ်ဆောင်ဖို့ လမ်းပွင့်သွားပြီ ဖြစ်ကြောင်းလည်း WHO ကပြောပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/covid-vaccine-who-/5721659.html

ကိုဗစ်တားဆီးရေးအတွက် Pfizer-BioNTech ထိုးဆေးကို WHO အရေးပေါ်ခွင့်ပြုလိုက်ပြီ ကိုဗစ်တားဆီးရေးအတွက် Pfizer-BioNTech ထိုးဆေးကို WHO အရေးပေါ်ခွင့်ပြုလိုက်ပြီ Reviewed by THITHTOOLWIN on 00:09 Rating: 5

No comments:

Powered by Blogger.