Novavax ကုမ္ပဏီရဲ့ ကိုဗစ်ကာကွယ်ဆေး ထိရောက်မှုမြင့်မားကြောင်း ကုမ္ပဏီထုတ်ပြန်

Novavax ဆေးကုမ္ပဏီရဲ့ ကိုဗစ်ကာကွယ်ဆေးပုလင်း။ (အောက်တိုဘာ ၃၀၊ ၂၀၂၀)

အမေရိကန်အခြေစိုက် Novavax ဆေးကုမ္ပဏီက တီထွင်နေတဲ့ ဆေးကို ဗြိတိန်နိုင်ငံမှာ လေ့လာစမ်းသပ်တာ အစောပိုင်းရလဒ်တွေအရ ၈၉% ထိရောက်ပုံရတယ်လို့ Novavax ကုမ္ပဏီကပြောပါတယ်။

ဗြိတိန်နဲ့ တောင်အာဖရိကနိုင်ငံတို့မှာ ကူးစက်နေတဲ့ ဗီဇပြောင်း ကိုဗစ်ပိုးသစ်ကို Novavax ကိုဗစ်ဆေးက ကာကွယ်နိုင်ပေမဲ့ ၈၉% အထိတော့ မထိရောက်ဘူးလို့ ပြောပါတယ်။ ပိုပြီးကူးစက်လွယ်၊ ပိုပြီး ရောဂါပြင်းထန်ပုံရတဲ့ ဗီဇပြောင်း ကိုဗစ်ပိုးသစ်တွေအပေါ် နိုင်ငံတော်တော်များများမှာ ထိုးပေးနေကြတဲ့ ကိုဗစ်ကာကွယ်ဆေးတွေက ထိထိရောက်ရောက် ကာကွယ်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေချိန်မှာ Novavax က သူတို့ဆေးအကြောင်း ကြာသပတေးနေ့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံမှာ Novavax ကိုဗစ်ဆေး အသုံးပြုခွင့် မလေ ျှာက်ထားခင် စမ်းသပ်မှုဆိုင်ရာ နောက်ထပ်အချက်အလက်တွေ လိုအပ်နေသေးတယ်လို့ ကုမ္ပဏီက ပြောပါတယ်။

Novavax ကိုဗစ် ကာကွယ်ဆေးကို ဗြိတိန်မှာ လူပေါင်း ၁၅,၀၀၀ နဲ့ စမ်းသပ်နေဆဲဖြစ်ပါတယ်။ စမ်းသပ်မှုဆိုင်ရာ ကနဦးသုံးသပ်ချက်အရ မူလ ကိုဗစ်ရောဂါပိုးကို Novavax ကိုဗစ် ကာကွယ်ဆေးက ၉၀% နီးပါး ကာကွယ်နိုင်ပြီး ဗြိတိန်မှာ တွေ့ရတဲ့ ဗီဇပြောင်း ကိုဗစ်ရောဂါပိုးသစ်ကို ၈၆% ကာကွယ်နိုင်တာ တွေ့ရတယ်လို့ ပြောပါတယ်။


 ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/novavax-covid-vaccine/5756498.html

Novavax ကုမ္ပဏီရဲ့ ကိုဗစ်ကာကွယ်ဆေး ထိရောက်မှုမြင့်မားကြောင်း ကုမ္ပဏီထုတ်ပြန် Novavax ကုမ္ပဏီရဲ့ ကိုဗစ်ကာကွယ်ဆေး ထိရောက်မှုမြင့်မားကြောင်း ကုမ္ပဏီထုတ်ပြန် Reviewed by THITHTOOLWIN on 00:22 Rating: 5

No comments:

Powered by Blogger.