ကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ပြန်အရွေးချယ်ခံရ

အမေရိကန်အောက်လွှတ်တော် လက်ရှိဥက္ကဋ္ဌ Nancy Pelosi။ (ဒီဇင်ဘာ ၃၀၊ ၂၀၂၀)

အမေရိကန်အောက်လွှတ်တော် လက်ရှိဥက္ကဋ္ဌ Nancy Pelosi ကို ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခဲ့ကြပါတယ်။ သူဟာ ၂၀၁၉ ခုနှစ်ကတည်းက အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ခဲ့သူပါ။ လက်ရှိမှာတော့ အောက်လွှတ်တော်ထဲမှာ ဒီမိုကရက်ပါတီက အရေအတွက် ကပ်သာပြီး အများစုဖြစ်နေတာပါ။

အခုလို ဒီမိုကရေစီ ထွန်းကားရေး အဆောက်အအုံကြီးထဲမှာ ၁၁၇ ကြိမ်မြောက် ကွန်ကရက်လွှတ်တော်စတင်ဖို့ ဒီ အထွဋ်အမြတ်မဏ္ဍိုင်ကြီးကို ကြီးကြပ်ပေးရေးအတွက် ထပ်မံရွေးခံရတာကို အထူး ဂုဏ်ယူမိပါတယ်လို့ မနေ့က ရွေးကောက်ခံအပြီးမှာပဲ အောက်လွှတ်တော် ဥက္ကဋ္ဌ Pelosi ကပြောခဲ့ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် ဒီမိုကရက်အမတ် Nancy Pelosi ဟာ ၂၀၀၃ ခုနှစ်ကတည်းက ဒီမိုကရက်ပါတီကို လွှတ်တော်ထဲ ဦးဆောင်ခဲ့သူဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌအဖြစ် အရွေးခံရတဲ့ ပထမဆုံး အမျိုးသမီးလည်းဖြစ်ပါတယ်။

လွှတ်တော်ဥက္ကဋ္ဌအဖြစ်ရွေးချယ်တဲ့ မနေ့က မဲပေးပွဲမှာတော့ ဒီမိုကရက်ပါတီအမတ် ၂ ဦးက အခြား ကိုယ်စားလှယ်တစ်ဦးကိုမဲပေးခဲ့ပြီး နောက် ဒီမိုကရက်အမတ် ၃ ယောက်က ပျက်ကွက်ခဲ့ခါ တချို့အမတ်တွေအနေနဲ့လည်း ကိုဗစ်ရောဂါပိုးစစ်ဆေးတွေ့ရှိထားတာ ဒါမှမဟုတ် အခြားကျန်းမာရေးပြဿနာတွေကြောင့် မဲလာမပေးနိုင်ခဲ့ပါဘူး။

တကယ်တော့ ဒီမိုကရက်ပါတီအနေနဲ့ နိုဝင်ဘာရွေးကောက်ပွဲထဲ လွှတ်တော်နေရာတချို့ကို ဆုံရှုံးခဲ့ရတာကြောင့် အခုလွှတ်တော်သစ်မှာ ဒီမိုကရက်အမတ် ၂၂၂ ဦး ရထားပြီး ရီပတ်ဘလစ်ကန်ဘက်က ၂၁၁ ဦးရှိခါ သိပ်အသာမရဘဲ စိန်ခေါ်မှုတွေ များလာဖို့ ရှိနေပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/nancy-pelosi-us-house-speaker/5723669.html

ကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ပြန်အရွေးချယ်ခံရ ကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ပြန်အရွေးချယ်ခံရ Reviewed by THITHTOOLWIN on 23:08 Rating: 5

No comments:

Powered by Blogger.