ရွေးကောက်ခံသမ္မတ Joe Biden အစိုးရဖွဲ့ပြီးတာနဲ့ အုပ်ချုပ်ရေးအမိန့်တွေ ထုတ်ပြန်မည်

အမေရိကန် ရွေးကောက်ခံသမ္မတ Joe Biden. (ဇန်နဝါရီ ၁၅၊ ၂၀၂၁)

ရွေးကောက်ခံသမ္မတ Joe Biden အနေနဲ့ လာမယ့် ဇန်နဝါရီလ ၂၀ ရက်နေ့ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပြီး အစောပိုင်းအချိန်တွေ အတွင်းမှာပဲ သမ္မတအုပ်ချုပ်ရေး အာဏာကို အသုံးပြုပြီး သူ့အရင် သမ္မတ Trump လက်ထက် ဆုံးဖြတ်ခဲ့တဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေကို ပြောင်းလဲသွားဖို့ ရှိပါတယ်။

အလားတူပဲ သမ္မတအခွင့်အာဏာကို အသုံးပြုပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမိန့်တွေ ထုတ်ပြန်ချမှတ်သွားဖို့လည်း ရှိပါတယ်။

ဒီလိုအမိန့်တွေနဲ့ ပတ်သက်လို့ ရွေးကောက်ခံသမ္မတ Biden လက်ထက် တာဝန်ယူမယ့် အိမ်ဖြူတော်အရာရှိချုပ်ရဲ့ စနေနေ့က ထုတ်ပြန်တဲ့ မှတ်တမ်းမှာ ဖော်ပြထားတာပါ။

Joe Biden အနေနဲ့ ကွန်ဂရက်လွှတ်တော်ကို မစောင့်ဆိုင်းတော့ဘဲ တိုင်းပြည်ကို အလျင်အမြန် ဦးဆောင်သွားဖို့ ကြိုးပမ်းနေတာကြောင့် သမ္မတ အခွင့်အာဏာနဲ့ ထုတ်ပြန်မယ့် အမိန့်တွေကို သူကျမ်းသစ္စာကျိန်ဆိုပြီး ၁၀ ရက်အတွင်းမှာ ထုတ်ပြန်သွားဖို့ ရှိပါတယ်။

ဒီလိုထုတ်ပြန်မယ့် အမိန့်တွေထဲမှာ မွတ်စလင်အများစုရှိတဲ့ နိုင်ငံတွေနဲ့ ပတ်သက်လို့ သမ္မတ Trump ချမှတ်ထားခဲ့တဲ့ လူဝင်မှုကြီးကြပ်ရေး ကန့်သတ်ချက်တွေကို အဆုံးသတ်သွားဖို့၊ ဥတုရာသီပြောင်းလဲမှုဆိုင်ရာ ပါရီသဘောတူစာချုပ်မှာ ပြန်လည်ဝင်ရောက်ဖို့နဲ့ ကပ်ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် အစိုးရအဆောက်အဦ နေရာတွေနဲ့ ပြည်နယ်အချင်းချင်း ကူးလူးသွားလာတဲ့ အချိန်တွေမှာ နှာခေါင်းစည်းတွေ မဖြစ်မနေ ဝတ်ဆင်ကြဖို့ စတဲ့ အမိန့်တွေ ထုတ်ပြန်သွားဖို့ စီစဉ်ထားပါတယ်။

ဒါ့အပြင် ကျောင်းလခကြွေးမြီ ဆိုင်းငံ့အစီအစဉ်ကို သက်တမ်းတိုးမြှင့်ပေးသွားဖို့နဲ့ ကပ်ရောဂါကာလ အိမ်ငှားခမပေးနိုင်လို့ အိမ်ပေါ်က နှင်ချခံရမယ့်သူတွေနဲ့ အိမ်ဖိုးအရစ်ကျ ဘဏ်ချေးငွေ မပေးချေနိုင်တဲ့သူတွေကို အကာအကွယ်ပေးသွားမယ့် အစီအစဉ်တွေကို ဆောင်ရွက်သွားဖို့လည်း ပါဝင်ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/biden-outlines-day-one-agenda-of-executive-actions/5740783.html

ရွေးကောက်ခံသမ္မတ Joe Biden အစိုးရဖွဲ့ပြီးတာနဲ့ အုပ်ချုပ်ရေးအမိန့်တွေ ထုတ်ပြန်မည် ရွေးကောက်ခံသမ္မတ Joe Biden အစိုးရဖွဲ့ပြီးတာနဲ့ အုပ်ချုပ်ရေးအမိန့်တွေ ထုတ်ပြန်မည် Reviewed by THITHTOOLWIN on 04:28 Rating: 5

No comments:

Powered by Blogger.