မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ဒီနေ့ ၅၉၄ ယောက်တိုးပါတယ်။ နောက်ထပ် သေဆုံးသူကတော့ ၁၄ ယောက်ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီထုတ်ပြန်ချက်အရ သေဆုံးသူ ၁၂ ယောက်ဟာ ရောဂါအခံ ရှိကြသူတွေဖြစ်ကြပါတယ်။ ဒီနေ့အတွက် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာကတော့ ၁၈,၉၅၃ ခုဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ နေ့စဉ်အတည်ပြုလူနာ အရေအတွက် အခုရက်ပိုင်း ၁,၀၀၀ အောက် ရောက်နေပေမဲ့ လုံးဝ လျော့ကျသွားတာတော့ မဟုတ်သေးပါဘူး။
ကျန်းမာရေးဌာနရဲ့ထုတ်ပြန်ချက်အရ ဒီနေ့အထိ မြန်မာနိုင်ငံမှာ အတည်ပြုလူနာ စုစုပေါင်း ၁၂၈,၇၇၂ ယောက်၊ သေဆုံးသူ စုစုပေါင်း ၂,၇၉၉ ယောက်၊ ဆေးရုံကဆင်းခွင့်ရသူ ၁၁၂,၀၄၈ ယောက်ဖြစ်ပါတယ်။ အခုချိန်ထိ စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာကတော့ ၁,၉၄၀,၆၂၁ ခုဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံက ထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးတွေ ဖေဖော်ဝါရီလထဲမှာ ရရှိမယ်လို့ ကျန်းမာရေးဌာနက မေ ျှာ်လင့်ထားပါတယ်။ ကာကွယ်ဆေးတွေကို ပထမအဆင့်အနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ရောဂါအခံရှိတဲ့ အသက်အရွယ်ကြီးသူတွေကို ဦးစားပေးထိုးနှံမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ တနိုင်ငံလုံး လိုအပ်ချက်အရ ထိုးနှံပေးဖို့ စီစဉ်ထားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

No comments:
Post a Comment