ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်သူ ပိုတိုးလာနေပြီး တိုကျိုမြို့တော်မှာ တရက်ထဲ သေဆုံးသူ ၂,၄၄၇ ဦးအထိ စံချိန်တင်မြင့်တက်လာတာကြောင့် တိုကျိုနဲ့ အနီးနားဒေသ ၃ ခုကို အရေးပေါ်အခြေအနေ ကြေညာလိုက်ပါပြီ။
ဂျပန် ဝန်ကြီးချုပ် Yoshihide Suga က ဒီနေ့မှာပဲ အရေးပေါ်အခြေအနေ ကြေညာလိုက်တာပါ။
“ကျနော်တို့ အရေးပေါ်အခြေအနေ ကြေညာလိုက်ပါပြီ။ ဒီ အရေးပေါ်အခြေအနေကို အကောင်အထည်ဖော်ရမဲ့ကာလက ဂျပန်ပြက္ခဒိန် စတင်တာရဲ့ တတိယမြောက်ဖြစ်တဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၇ ရက်နေ့ကနေစပြီး ဖေဖော်ဝါရီ ၇ ရက်နေ့အထိ တစ်လဖြစ်ပါတယ်။ အကောင်အထည်ဖော်ရမဲ့ ဒေသတွေကတော့ Chiba ခရိုင်၊ တိုကျိုနဲ့ Kanagawa ခရိုင်တို့ဖြစ်ပါတယ်။” လို့ ပြောသွားတာပါ။
ဒီကြေညာချက်မှာ အဓိက တားမြစ်ထားတာက စားသောင်ဆိုင်နဲ့ ဘားတွေကို ည ၈ နာရီပိတ်ဖို့နဲ့ လူတွေအနေနဲ့ အိမ်မှာနေပြီး လူစုတာတွေမလုပ်ဖို့ဖြစ်ပါတယ်။
ဒီကြေညာချက်ထဲမှာ အပစ်ဒဏ်ခတ်မယ်ဆိုတာတော့ မပါဘူး။ ဒါပေမဲ့ ဂျပန်နိုင်ငံအနေနဲ့ စီးပွားရေးဆက်လည်ပတ်နိုင်ဖို့ ရုန်းကန်နေရချိန်မှာ ပြင်းပြင်းထန်ထန် လုပ်ဆောင်လိုက်တာဖြစ်ပါတယ်။
ကုန်တိုက်ကြီးတွေနဲ့ ကျောင်းတွေကတော့ ဆက်ဖွင့်ထားမှာဖြစ်ပါတယ်။ ဒါပေမဲ့ ရုပ်ရှင်ရုံတွေ၊ ပြတိုက်တွေနဲ့ အခြား လူများနိုင်တဲ့ လှုပ်ရှားမှုတွေကိုတော့ လာတဲ့သူလေ ျှာ့ချဖို့ တိုက်တွန်းထားပါတယ်။
ဒီအရေးပေါ်အခြေအနေ အမိန့်ကို လိုက်နာဖို့ ပျက်ကွက်တဲ့နေရာတွေကို အင်တာနက် Website မှာ ကြေညာသွားဖို့ရှိပြီး လိုက်နာသူတွေအနေနဲ့တော့ အကူအညီတွေရဖို့ အရည်အချင်းပြည့်စုံသွားမှာဖြစ်တယ်လို့ အရာရှိတွေက ဆိုပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/japan-state-emergency/5728380.html

No comments:
Post a Comment