မြိတ်တွင် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်သူ ၂ ဦးကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေဖြင့် အရေးယူ



မြိတ်တွင် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်သူ ၂ ဦးကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေဖြင့် အရေးယူထားကြောင်းသိရပါတယ် ။

မြိတ်မြို့ ၊တိုးချဲ့ရပ် ငုဝါ KTV ဆိုင်တွင် ဆိုရှင်ဖြစ်သူ ဦးဇော်မင်းနိုင်မှ ဆိုင်ရှိအမျိုးသမီးများအား ပြည့်တန်ဆာအဖြစ်စေခိုင်းကာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ပြီး ၃ လခန့်အကြာ အဆိုပါ KTV ဆိုင်မှမန်နေဂျာ ညီညီစံ(ခ)သားညီ ဆိုသူက မ-------ဆိုသူကို အင်းလေးမြိုင်ရပ်ကွက်ရှိ၎င်းပိုင်ဆိုင်တဲ့(အမည်မရှိ) KTV ဆိုင်သို့ ပြောင်းရွှေ့ကာ အခြားယောက်ျားများဖြင့် ပေါင်းသင်းခြင်းမပြုရန်ပြောဆိုပြီး အခန်းတွင်းပိတ်လှောင်ပြီး ညှင်းပမ်းနှိပ်စက်၍ ကာမဆက်ဆံကြောင်း ရဲမှတ်တမ်းအရသိရပါတယ်။

မ---------မှာ အလုပ်မလုပ်ရတော့သဖြင့် လုပ်ခလစာမရတဲ့အပြင် သားညီ မှလည်း ငွေပေးခြင်းမရှိဘူးလို့သိရပါတယ်။ ထိုသို့ပေါင်းသင်းဆက်ဆံပြီး ၂ နှစ်ခန့်အကြာမှာ ရွယ်တူမိန်းကလေးတစ်ဦးထပ်မံခေါ်လာပြီး ၎င်းကဲ့သို့သားမယားအဖြစ်ပေါင်းသင်းနေထိုင်ကာ ရံဖန်ရံခါ ၎င်းတို့နှစ်ဦးစလုံးကိုတစ်ပြိုင်တည်း သားမယားအဖြစ်ပေါင်းသင်းဆက်ဆံခဲ့ကြောင်းသိရပါတယ်။

ထိုသို့နေထိုင်နေစဥ်အတွင်းမှာပဲ နောက်ထပ် ၁၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးထပ်မံခေါ်လာပြီး ပေါင်းသင်းဆက်ဆံခဲ့ကြောင်းသိရပါတယ်။

ညှင်းပမ်းနှိပ်စက်မှုဒဏ်မခံနိုင် တဲ့ မ---------ဟာ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ ၁၇ ရက်နေ့၊မှာ ထွက်ပြေးလွတ်မြောက်ခဲ့တာကြောင့် ဖြစ်စဥ်ပေါ်ပေါက်ခဲ့ကြောင်းသိရပါတယ်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်သူ ညီညီစံ(ခ) သားညီ ၃၉ နှစ်၊နှင့် ဇော်မင်းနိုင် ၄၅ နှစ်၊တို့ကို မြိတ်မြို့မရဲစခန်းမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်ထားကြောင်းသိရပါတယ်။


မြတ်ထွဋ် (မြိတ်)

https://www.facebook.com/Myat-Htut-Myeik-222869948053294

မြိတ်တွင် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်သူ ၂ ဦးကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေဖြင့် အရေးယူ မြိတ်တွင် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်သူ ၂ ဦးကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေဖြင့် အရေးယူ Reviewed by THITHTOOLWIN on 00:48 Rating: 5

No comments:

Powered by Blogger.