ဆင်မွှေးကျေးရွာရှိ အများသုံးရေကန်အတွင်း အဆိပ်ခတ်သူ နှစ်ဦးအား ဖမ်းဆီးရမိ

သပိတ်ကျင်း  ဇန်နဝါရီ    ၂၅   

မန္တလေးတိုင်းဒေသကြီး  သပိတ်ကျင်းမြို့နယ် အုံးဇုံးကျေးရွာအုပ်စု   ဆင်မွှေးကျေးရွာရှိ အများသုံးရေကန်အတွင်းမှ      ရေကို သောက်သုံးမိ၍ အမျိုးသမီးတစ်ဦး သေဆုံးမှု ဖြစ်စဉ်တွင်   အဆိပ်ခတ်သူ      နှစ်ဦးကို ဖမ်းဆီးရမိကြောင်း  သပိတ်ကျင်းမြို့   မြို့မ ရဲစခန်းမှ  ယနေ့ညနေပိုင်းက  စုံစမ်းသိရှိ ရသည်။

သပိတ်ကျင်းမြို့နယ် အုံးဇုံးကျေးရွာ အုပ်စု  ဆင်မွှေးကျေးရွာတွင် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ  ၂၁  ရက်က  အများသုံးရေကန် အတွင်းမှ         ရေကိုသောက်သုံးမိ၍ အမျိုးသမီးတစ်ဦး   သေဆုံးခဲ့သည့်ဖြစ်စဉ် ကြောင့်   သပိတ်ကျင်းမြို့   မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ်   ၄၁/၂၀၂၀   ဖြင့်   ရေးဖွင့်စုံစမ်းစစ်ဆေးခဲ့ပြီး ရေကန်အတွင်းမှ  ရေကို  ဓာတုဗေဒဝန်ရုံးတွင်    ပေးပို့စစ်ဆေး ခဲ့ရာ    ဆိုင်ရာနိုက်  စမ်းသပ်တွေ့ရှိရ၍ လူတစ်ဦး   တစ်ယောက်အား  အသက်  သေ စေရန် အကြံဖြင့်  အဆိပ်ခတ်သူကို အရေးယူ ပေးရန်    သပိတ်ကျင်းမြို့   မြို့မရဲစခန်း၌   (ပ)၁၃/၂၀၂၁၊ ရာဇ သတ်ကြီးပုဒ်မ ၃၀၂/၃၂၈  ဖြင့်   ပြောင်းလဲဖွင့်လှစ်သည်။ အဆိုပါအမှု အား   ပြင်ဦးလွင်ခရိုင်   ရဲတပ်ဖွဲ့မှူး   ဒုတိယ ရဲမှူးကြီးခင်ဇော်မြင့်၏   ကြီးကြပ်ကွပ်ကဲ မှုဖြင့်   မန္တလေးတိုင်းဒေသကြီး   ရဲတပ်ဖွဲ့ မှူးရုံးမှ    ရဲမှူးအောင်ကျော်ဦးနှင့်အဖွဲ့၊ သပိတ်ကျင်းမြို့နယ်   မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွဋ်ဦးရှိန်၊  မြို့မရဲစခန်းမှူး   ဒုရဲမှူး တင်မိုးဇော်တို့ ပါဝင်သော  ပူးပေါင်းအဖွဲ့က စုံစမ်းဖော်ထုတ်ခဲ့ရာ      ရေကန်အတွင်း အဆိပ်ချသူ     မင်းခန့်မောင်နှင့်      ၎င်းအား  စေခိုင်းသူဝင်းနိုင်တို့ကို  စုံစမ်းဖော်ထုတ် ဖမ်းဆီးရမိပြီး     ဆက်လက်စစ်ဆေးရာ      ပြစ်မှုကျူးလွန်သူ    မင်းခန့်မောင်က     မိမိ သဘောဆန္ဒအလျောက်  ဇန်နဝါရီ  ၂၅   ရက် တွင် သပိတ်ကျင်းမြို့      မြို့နယ်တရားရုံး၌ ဖြောင့်ချက်ပေးခဲ့သည်။

အဆိုပါအမှုနှင့် ပတ်သက်၍  သပိတ် ကျင်းမြို့     မြို့မရဲစခန်းမှ    အမှုအား   အမြန် တရားစွဲတင်နိုင်ရေးအတွက်    ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မြို့နယ်(ပြန်/ဆက်)

Myanmaalinn

https://www.facebook.com/MYANMAALINNNEWS

ဆင်မွှေးကျေးရွာရှိ အများသုံးရေကန်အတွင်း အဆိပ်ခတ်သူ နှစ်ဦးအား ဖမ်းဆီးရမိ ဆင်မွှေးကျေးရွာရှိ အများသုံးရေကန်အတွင်း အဆိပ်ခတ်သူ နှစ်ဦးအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:17 Rating: 5

No comments:

Powered by Blogger.