မြိတ်မြို့၊မရင်းငယ်ဖျားကျေးရွာ ၊ရင်ငေးရေတံခွန်အဝင်လမ်းအနီးတွင် ဇန်နဝါရီလ ၂ ရက်နေ့၊နံနက် ၈ နာရီခွဲခန့်က ယာဥ် ၄ စီးဆက်တိုက်မှုဖြစ်ပွားရာ ၁ ဦး သေဆုံးကြောင်းသိရပါတယ်။
ကျောက်ဖြူတောင်ဘက်မှ ရွှေဒူးဘက်သို့ ယာဥ်မောင်း ချစ်စန်းမောင် မောင်းနှင်လာတဲ့ကား မရင်းငယ်ဖျားကျေးရွာ မိုင်တိုင်အမှတ် ၉/၅ အနီးအရောက်မှာ တဘက်ယာဥ်ကြောမှ ယာဥ်မောင်း စိုးပြည့်အောင် မောင်းနှင်လာတဲ့ ကမ်းရိုးတန်း(၂)ကားအားပွတ်တိုက်ပြီး Wave 110 ဆိုင်ယ်နှင့် PCX ဆိုင်ကယ်ကို ထပ်မံတိုက်မိကြောင်းသိရပါတယ်။
ယာဥ်တိုက်မှုကြောင့် wave 110 ဆိုင်ကယ်မောင်းနှင်သူ မြစိုး တွင် ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိပြီး အခင်းဖြစ်ပွားတဲ့နေရာမှာသေဆုံးကြောင်း သိရပါတယ်။
ယာဥ်တိုက်မှုဖြစ်ပွားရတဲ့အကြောင်းရင်းကို သက်ဆိုင်ရာတာဝန်ရှိသူတွေက စစ်ဆေးနေကြောင်းသိရပါတယ်။
မြတ်ထွဋ် (မြိတ်)
မြိတ်တွင် ယာဥ် ၄စီးဆက်တိုက်မှုဖြစ်ပွား ၁ ဦးသေဆုံး
Reviewed by THITHTOOLWIN
on
23:42
Rating:

No comments:
Post a Comment