မုံရွာ၊ဇန်နဝါရီ-၁၂
မုံရွာမြို့၊ရွှေဇလုပ်အဝိုင်း မြို့ပတ်လမ်း ဘောလုံးကွင်းတွင် ယနေ့မွန်းလွဲပိုင်းက မြေယာခြံစည်းရိုးခတ်ရာမှ အငြင်းပွား ရုန်းရင်းဆန်ခတ်ဖြစ်ပြီး လူငယ်တစ်ဦးသေဆုံးသည်။
ဖြစ်စဉ်မှာ တက္ကသိုလ်ဆရာမတစ်ဦးသည် ၎င်းပိုင်ဆိုင်သည်ဆိုသော အခင်းဖြစ်ရာ မြေနေရာ၌ အလုပ်သမား ၈ဦးဖြင့် ခြံစည်းရိုးခတ်စဉ် ဒေသခံလူ ၂၀ခန့်က တားမြစ်ရာအချင်းများခဲ့ကြောင်း သတင်းရရှိသည်။
အငြင်းပွားမှုဖြစ်သော မြေနေရာမှ အမျိုးသမီးတစ်ဦးက
" ကျွန်မတို့အိမ်တွေကိုလာဖျက်ပါတယ်။ပြီးတော့ သူတို့နဲ့ပါလာတဲ့သူတွေက ဓားနဲ့ခုတ်တော့ ထွက်ပြေးရပါတယ်။ "ဟု ပြောသည်။
ရုန်းရင်းဆန်ခတ်ဖြစ်ပွားစဉ် သလ္လာရပ်ကွက်နေ အသက်၁၇ နှစ်အရွယ် ခြံစည်းရိုးခတ်အလုပ်သမားတစ်ဦးမှာ ပြတ်ရှဒဏ်ရာများရရှိပြီးဆေးရုံပို့ကုသစဉ် သေဆုံးခဲ့သည်။
အလုပ်သမားများထဲမှ တစ်ဦးမှာလည်း ဒဏ်ရာများဖြင့် သတိမေ့မျောနေကြောင်းသိရသည်။
ယင်းမြေနေရာတွင်နေထိုင်သူများထဲမှ လူငယ်နှစ်ဦးမှာလည်း ဒဏ်ရာအသီးသီးရ၍ ဆေးကုသမှုခံယူနေသည်။
ရဲတပ်ဖွဲ့မှ လာရောက်ထိန်းသိမ်းပြီးနောက် တရားဥပဒေအတိုင်း အရေးယူနိုင်ရေး လုပ်ဆောင်နေသည် ဟု သတင်းရရှိသည်။
Monywa Gazette

No comments:
Post a Comment