မတ္တရာ ဇန်နဝါရီ ၃
ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် သမင်တွင်းကျေးရွာတွင် ဇန်နဝါရီ ၂ရက် ည ၁၁နာရီအချိန်က သမက်ဖြစ်သူမှ ယောက္ခမဖြစ်သူတို့ ဓားဖြင့်ထိုးသဖြင့် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သေဆုံးသူ၏ ဇနီးဖြစ်သူ ဒေါ်စန္ဒာဦးနေအိမ်၌ရှိနေစဉ် ၄င်း၏ သမီးဖြစ်သူ မသွယ်ဇင်ဝင်းတို့ လင်မယားနှစ်ယောက်ရန်ဖြစ်နေကြောင်း အိမ်နီးချင်းတစ်ဦးမှပြောကြား သဖြင့် သမီးဖြစ်သူနေအိမ်သို့ သွားရောက်ခဲ့ရာ ခင်ပွန်းဖြစ်သူ ဦးဇော်မျိုးဝင်း(၄၅)နှစ်မှာ နေအိမ်ကြမ်းပြင်တွင် လဲကျနေသည်ကို တွေ့သဖြင့်မေးမြန်းရာ မသွယ်ဇင်ဝင်းမှ အခင်းမဖြစ် မီအချိန်က ခင်ပွန်းဖြစ်သူ ရဲရင့်အောင် (၂၄)နှစ်သည် နေအိမ်သို့ ပြန်ရောက်လာပြီး ယောက္ခမဖြစ်သူမှ ရန်ရှာနေကြောင်း ပြောဆိုပြီး စတီးဓားဦးချွန်တစ်ချောင်း ယူဆောင်၍ ထွက်သွားသဖြင့် နောက်မှ လိုက်သွားခဲ့ရာ သမင်းတွင်းကျေးရွာ၏ လမ်းသုံးခွ ဆုံရာတွင် ဖခင်ဖြစ်သူနှင့် ခင်ပွန်းဖြစ်သူတို့ လုံးထွေးသတ်ပုတ်နေပြီး ရဲရင့်အောင်မှ ဖခင်ဖြစ်သူအား ဓားဖြင့်ထိုးသဖြင့် ဦးဇော်မျိုးဝင်းမှာ လမ်းပေါ်သို့လဲကျစဉ် ရဲရင့်အောင်မှ ထွက်ပြေးသွားကြောင်း၊ အမျိုးသားနှစ်ဦး ရောက်ရှိလာပြီး ဦးဇော်မျိုးဝင်းအား ခေါ်ဆောင်လာ ပြီး မတ္တရာ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင်သေဆုံးသွားခဲ့ကြောင်း ပြောပြခဲ့သည်။
အဆိုပါ ဖြစ်စဉ်တွင် ခင်ပွန်းဖြစ်သူ ဦးဇော်မျိုးဝင်းအား သေဆုံးအောင်ပြုလုပ်သူ ရဲရင့်အောင်အား အရေးယူပေးပါရန် ဒေါ်စန္ဒာဦးမှ တိုင်တန်းသဖြင့် မတ္တရာမြို့မစခန်းက အမှုဖွင့်၍ မြို့မစခန်းမှုး ဒုရဲမှူး စိုးမြင့်ထွန်းမှ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)
Myanmaalinn

No comments:
Post a Comment